ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းမိသားစုများ၏ သားသမီး၊ ကျောင်းသား ကျောင်းသူများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းမိသားစုများ၏ သားသမီး၊ ကျောင်းသား ကျောင်းသူများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ


နေပြည်တော်၊ မေ ၂၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင် ဝန်ထမ်းများ၏ သားသမီး၊ ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် ရုံးအမှတ် (၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ၏ သားသမီးများဖြစ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူ ၃၂၆၁ ဦးအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံး ဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ရာ တပ်ဖွဲ့/ဦးစီးဌာနအလိုက် ကျောင်းသား ကျောင်းသူများက လက်ခံသည်။

ထို့နောက် ကျောင်းသား ကျောင်းသူများကိုယ်စား (ကျောင်းသား ကျောင်းသူ) တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် မူလတန်းကျောင်းသား ကျောင်းသူ ၁၆၁၈ ဦး၊ အလယ်တန်းကျောင်းသား ကျောင်းသူ ၆၇၄ ဦး၊ အထက်တန်းကျောင်း သား ကျောင်းသူ ၆၄၇ ဦး၊ တက္ကသိုလ်ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူ ၃၂၂ ဦး စုစုပေါင်းကျောင်းသား ကျောင်းသူ ၃၂၆၁ ဦးတို့ကို ပထမအကြိမ်အဖြစ် ပညာသင်ထောက်ပံ့ကြေးငွေကျပ် ၁၄၉ ဒသမ ၈၉ သန်းနှင့် ကျောင်းသုံးဗလာစာအုပ် ၂၉၃၇ ဒါဇင်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)