မိတ္ထီလာမြို့နယ်တွင် မဲစာရင်းများ မှန်ကန်ရေးအတွက် အသက် ၁၈နှစ်အထက် လူဦးရေစာရင်း ပဉ္စမအကြိမ် မူကြမ်း ကြိုတင်ပြင်ဆင်စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု တာဝန်ရှိသူများ စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် မဲစာရင်းများ မှန်ကန်ရေးအတွက် အသက် ၁၈နှစ်အထက် လူဦးရေစာရင်း ပဉ္စမအကြိမ် မူကြမ်း ကြိုတင်ပြင်ဆင်စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု တာဝန်ရှိသူများ စစ်ဆေး

 



မိတ္ထီလာ  ၊  မေ ၂၂


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် မဲစာရင်းများ မှန်ကန်ရေးအတွက် အသက် ၁၈နှစ် အထက် လူဦးရေစာရင်း ပဉ္စမအကြိမ် မူကြမ်း ကြိုတင်ပြင်ဆင်စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု တာဝန်ရှိသူများ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက စစ်ဆေးခဲ့ကြောင်း လူဝင်မှုကြီကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ တိုင််းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် မိတ္ထီလာခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်ဝင်းကျော်တို့က လူဝင်မှုကြီကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာမြို့နယ် ဦးစီးမှူးရုံးတွင် မဲစာရင်းများ မှန်ကန်ရေးအတွက် အသက် ၁၈ နှစ် အထက် လူဦးရေစာရင်း ပဉ္စမအကြိမ် မူကြမ်း ကြိုတင်ပြင်ဆင်စိစစ်ခြင်းလုပ်ငန်းများဖြစ်သည့် ကွန်ပျူတာဝန်ထမ်းများ စုဖွဲ့ထားသည့် (e-ID Team) လုပ်ဆောင်နေမှု၊ မှတ်တမ်းခန်းနှင့် Biometric UID ရိုက်သွင်းနေမှုတို့အား စစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ပြီး ကွန်ပျူတာဝန်ထမ်းများ စုဖွဲ့ထားသည့် (e-ID Team) လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးရန်တို့ကို ပြောကြားခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)