မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၏ နှစ် (၃၀) ပြည့် ပုလဲရတု နှစ်ပတ်လည်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၏ နှစ် (၃၀) ပြည့် ပုလဲရတု နှစ်ပတ်လည်အခမ်းအနား ကျင်းပ


နေပြည်တော်၊ မေ ၂၂

မြန်မာနိုင်ငံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၏ နှစ် (၃၀) ပြည့် ပုလဲရတု နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး Lotte Hotel ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း နာယကများနှင့် ဥက္ကဋ္ဌ၊ အကြံပေးများ၊ အလုပ်အမှုဆောင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက ဘက်စုံထူးချွန်၍ စွမ်းရည်ပြည့်ဝသော မြန်မာအမျိုး သမီးစီးပွားရေး စွမ်းဆောင်ရှင် များအသင်းကြီးအနေဖြင့် အခြေခံ အုတ်မြစ်ကောင်းများစွာမှ ယခု နှစ် (၃၀) တိုင်မှသည် နောင်နှစ်ရာချီ ထောင်ပေါင်းများစွာ မြန်မာအမျိုးသမီးထုကြီးအတွက် အောင်မြင်စွာ လုပ်ဆောင်လမ်းပြ ဆောင်ရွက်ရပ်တည်ပေးနိုင်သော နိုင်ငံဂုဏ်ဆောင် အသင်းကြီးတစ်ခုအနေဖြင့် အောင်မြင်မှုများစွာ ရရှိပါစေကြောင်း ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ အသင်းတည်ထောင်သူ အသင်းကြီး၏ နာယကနှင့် အကြံပေး၊ မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ အသင်းဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌတို့က အမှာစကား များ ပြောကြားကြသည်။

ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း အထွေထွေအတွင်းရေးမှူးက ၂၀၂၄-၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာကိုလည်းကောင်း၊ အသင်းကြီး၏ ဘဏ္ဍာရေးမှူးက ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းကိုလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း ၂၀၂၃-၂၀၂၅ အလုပ်အမှုဆောင်သက်တမ်း၏ ရွေးချယ် တင်မြှောက်ရေး ကော်မရှင်အတွင်းရေးမှူးက ရွေးချယ်တင်မြှောက်ခံရသော ၂၀၂၅-၂၀၂၇ အလုပ်အမှုဆောင်အဖွဲ့အမည်စာရင်းအား ဖတ်ကြားတင်ပြခန့်အပ်ခြင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း၏ ၂၀၂၃-၂၀၂၅ အလုပ် အမှုဆောင်သက်တမ်း၏ ဥက္ကဋ္ဌက ၂၀၂၅-၂၀၂၇ အလုပ်အမှုဆောင် သက်တမ်း၏ဥက္ကဋ္ဌအား အသင်းကြီး၏ လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးအပ်ခြင်းတို့ကို ဆောင်ရွက်ကြပြီး အသင်းကြီး၏ နှစ်(၃၀)ပြည့် ပုလဲရတုနှစ်ပတ် လည်အစည်းအဝေးသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ Myanmar Woman Entrepreneur Award 2024 ဆုများကို ချီးမြှင့်ပြီး မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း ၂၀၂၅-၂၀၂၇ အလုပ်အမှုဆောင်သက်တမ်း၏ဥက္ကဋ္ဌ ဒေါက်တာမြတ်သီတာမြင့်က ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှိုင်မြို့နယ် အမှတ် (၂၄) အကြီးစားစက်ရုံ (ဒဂုံ) ကြီးကြပ်မှုအောက်ရှိ လျှပ်စစ်နှင့် မော်တာအလုပ်ရုံသို့ရောက်ရှိပြီး ရွှေကသာ ကုမ္ပဏီလီမိတက်မှ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ဖြင့် ဆိုလာများ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကိုလှည့်လည် အားပေးကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) သို့ ရောက်ရှိပြီး စက်ရုံရေရှည် ရပ်တည်လည်ပတ်နိုင်ရေးသည် စက်ရုံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးကောင်းမွန်မှုပေါ်မူတည်၍ စက်ရုံ၌ ထူထောင်ထားရှိပြီးဖြစ်သည့် အရည်အသွေးအာမခံစနစ်များကို တိတိကျကျလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးနှစ်အတွင်း ဝန်ကြီးဌာနများမှ အမှာစာဖြင့်မှာယူထားသည့် ဆေးဝါးများကို အချိန်မီပေးသွင်းနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)