နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ








နေပြည်တော်၊ မေ ၂၂

၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီ နယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သောပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် မေလ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဘေးသင့် ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို အပတ်စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။

ယခုအခါ မေလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် Singapore Lotus Charity Society တို့မှ ထပ်မံ ပေးပို့လှူဒါန်းလာသော စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ ဆေးနှင့် ဆေးပစ္စည်းများအနက် ဆေးနှင့် ဆေးပစ္စည်းများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန) သို့လည်းကောင်း၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ အိမ်သုံးပစ္စည်းများကို နေပြည်တော်အတွင်းရှိ လိုအပ်သည့် ဝန်ကြီးဌာနများသို့လည်းကောင်း လွှဲပြောင်းထောက်ပံ့ပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ငလျင်ဘေးသင့်ဒေသများတွင် ယာယီရုံးများအဖြစ် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းမည့် Prefabricated Office လုံး ၅၀၀ အနက် လုံး ၃၄၀ ရောက်ရှိခဲ့ပြီး ယာယီရုံးများအဖြစ် တပ်ဆင်ဆောင်ရွက်လျက်ရှိပါသည်။ အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ယာယီအိမ်များအဖြစ် အသုံးပြုရန် လှူဒါန်းမည့် Prefabricated House လုံး ၄၅၀၀ အနက် ၁၅၇၆ လုံးသည် ၉-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ၁၈၀၄ လုံးသည် ၁၃-၅-၂၀၂၅ ရက် နေ့တွင်လည်းကောင်း ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်သို့ပေးပို့ခဲ့ပြီး လိုအပ်သည့်နေရာများတွင် တပ်ဆင်အသုံးပြုရန် ဆောင်ရွက်လျက်ရှိပါသည်။ ထပ်မံရောက်ရှိလာပါကလည်း ဆက်လက်ဖြန့်ခွဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။                           

ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှုစုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၅၇ စီး၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော် ယာဉ် ၂၉ စီး၊ ရှမ်းပြည်နယ်တောင်ပိုင်းသို့ မော်တော်ယာဉ် ၉ စီးဖြစ်ပါသည်။

နိုင်ငံတကာအလှူရှင်များက ၁၃-၅-၂၀၂၅ ရက် နေ့မှ ၁၉-၅-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း ပေးပို့လှူဒါန်းသည့် ပစ္စည်းများကို ဘေးသင့်ပြည်သူများအတွက် ဖြန့်ခွဲပေးပို့နိုင်ရေး ဆောင်ရွက်ထားမှုကို ပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။ ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို ၁ ပတ်လျှင် ၁ ကြိမ် ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)