စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ဝန်ထမ်းသား/သမီး ၄၀ ဦးအတွက် ချီးမြှင့်ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ဝန်ထမ်းသား/သမီး ၄၀ ဦးအတွက် ချီးမြှင့်ထောက်ပံ့ငွေပေးအပ်


နေပြည်တော်၊ မေ ၉

၂၀၂၅   ခုနှစ်  မတ်လ  ၂၈  ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီး ဌာန/လုပ်ငန်းများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းသား/သမီး ၄၀ ဦးတို့အတွက်  ချီးမြှင့်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ဝန်ထမ်းများနှင့်ဝန်ထမ်းသား/သမီး ၄၀ ဦးအတွက်   တစ်ဦးလျှင်ငွေကျပ် သုံးသိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း ၁၂၀ အား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်အားပေးစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် မိမိတို့ဝန်ကြီးဌာနရှိ ကျောင်းသား၊ ကျောင်းသူ  ၄၀ ဦးသည် တက္ကသိုလ်ဝင်စာမေးပွဲအား အခက်အခဲများကြားမှ ယခုလိုရာနှုန်းပြည့်ပြန်လည်ဖြေဆိုကြမည့်အပေါ်  ဝမ်းမြောက်မိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ လေ့ကျင့်သင်ကြားရေးစခန်းများမှ သင်ကြားမှုပြီးစီး၍ ပြန်လည်ရောက်ရှိချိန်တွင် စိတ်အေးချမ်းသာစွာ   စာမေးပွဲဖြေဆိုနိုင်ရေးအတွက် နေရာထိုင်ခင်း၊ အစားအသောက်၊ Online Facility များကို  ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိတို့ ရည်မှန်းချက်များ  အောင်မြင်စေရန်  တက္ကသိုလ်ဝင်စာမေးပွဲတွင်  ကြိုးစားဖြေဆိုကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများက စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့်အခက်အခဲများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲမတိုင်မီနှင့် စာမေးပွဲဖြေဆိုချိန်အတွင်း လိုအပ်သည့်အုပ်ချုပ်ထောက်ပံ့မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့်  ကျောင်းသား၊  ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)