မေ - ၁၃ ( အင်္ဂါနေ့ )
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ က ၎င်း၏ အိမ်နီးချင်း ပါကစ္စတန်ကို ရည်ညွှန်းပြီး နယူးဒေလီကို နျူကလီးယား လက်နက်ဖြင့် ခြိမ်းခြောက်ပါက စစ်ရေးအရ အရေးယူ ဆောင်ရွက်မှုတွေကို လုပ်သွားမယ်လို့ တနင်္လာနေ့တွင် ကတိပြုပြောကြားခဲ့ပါတယ်။
နယ်စပ်ဖြတ်ကျော်အကြမ်းဖက်ဝါဒကို ထောက်ပံ့နေတယ်လို့ စွပ်စွဲပြီး ပါကစ္စတန်ရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့တဲ့ အော်ပရေးရှင်းဆင်ဒိုး စစ်ဆင်ရေးကို နယူးဒေလီက စတင်ပြီး ရက်ပိုင်းအကြာတွင် မိုဒီသည် နယူးဒေလီ၏ လုံခြုံရေးမူဝါဒ အပြောင်းအလဲကို မီးမောင်းထိုးပြခဲ့ပါတယ်။ "အော်ပရေးရှင်း ဆင်ဒိုး က အိန္ဒိယ၏ အကြမ်းဖက်ဝါဒကို ဆန့်ကျင်သည့် မူဝါဒဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာတွင် စံသတ်မှတ်ချက် အသစ်တစ်ခုကို ဖော်ထုတ်ခဲ့ပြီး ကန့်သတ်ချက်နှင့် အသစ်တစ်ခုကို သတ်မှတ်ပေးလိုက်တာပါပဲ" လို့ ၎င်းကပြောကြားခဲ့ပါတယ်။
"ကျွန်ုပ်တို့၏ စည်းကမ်းချက်များအပေါ် သင့်လျော်သော တုံ့ပြန်မှုကို ကျွန်ုပ်တို့ ပေးပါမယ်။ အကြမ်းဖက်မှု၏ အမြစ်ထွက်သည့် နေရာတိုင်းကို ကျွန်ုပ်တို့ တင်းကြပ်စွာ အရေးယူ ဆောင်ရွက်သွားမယ်" လို့ ၎င်းက ကတိပြုခဲ့ပါတယ်။ “နျူကလီးယားလက်နက်နဲ့ လာပြီး ခြိမ်းခြောက်လို့မရဘူး။ အဲ့လိုမျိုး လုပ်ခဲ့ရင်လည်း လုံးဝသည်းခံမှာ မဟုတ်ဘူး”လို့လည်း ပြောသွားပါတယ်။
၎င်း၏ မိန့်ခွန်းတွင် မိုဒီက နယူးဒေလီသည် “ပါကစ္စတန်၏ အလယ်ဗဟိုတွင် တည်ရှိသော အကြမ်းဖက် စခန်းများ” ကို ဖျက်ဆီးခဲ့တယ်လို့ အခိုင်အမာ ဆိုခဲ့ပါတယ်။ “ဒါကြောင့် ပါကစ္စတန်က ကျနော်တို့အပေါ်ကို အကြမ်းဖက်တဲ့ လှုပ်ရှားမှုမျိုး ဒါမှမဟုတ် စစ်ရေးအရ သတ္တိရှိရှိ ဆက်လုပ်မှာ မဟုတ်ဘူးလို့ အိန္ဒိယက သုံးသပ် ပါတယ်။ ပြီးတော့ ပါကစ္စတန်ရဲ့ အကြမ်းဖက်စစ်စခန်းတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ လက်တုံ့ပြန်တဲ့ လုပ်ဆောင်ချက်ကို ထပ်ခါတလဲလဲ ဆိုင်းငံ့ထားပြီးမှ အခုလိုစစ်ဆင်ရေး လုပ်ခဲ့တာပါ” လို့ မိုဒီက ပြောကြားခဲ့ပါ။ အိန္ဒိယစစ်တပ်က အကြမ်းဖက်သမား ၁၀၀ ခန့်နှင့် ပါကစ္စတန်လုံခြုံရေးဝန်ထမ်း ၄၀ ခန့်ကို ချေမှုန်းခဲ့ပြီး ပါကစ္စတန်ရှိ လေတပ်စခန်း ၁၁ ခုကို ဖျက်ဆီးခဲ့ တယ်လို့ ဆိုထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment