ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင် မိုင်းခတ်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင် မိုင်းခတ်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ




မိုင်းခတ်  ၊ မေ ၁၂


ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ယမန်နေ့ နံနက် (၉) နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်ကအမှာစကားပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်သော လုပ်ငန်း‌ဆောင်ရွက်မှုအခြေအနေများနှင့်လိုအပ်ချက်များ တင်ပြခဲ့သည်။


ယင်းနောက် ဝန်ကြီးမှနိဂုံးချုပ်အမှာစကား‌ပြောကြားရာ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အားကစားမြှင့်တင်ရေးကဏ္ဍ၊ စာကြည့်တိုက်များရေရှည်တည်တံ့ဖွံ့ဖြိုးရေးကဏ္ဍနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့်တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ အခြေခံပညာကျောင်းမှဆရာ၊ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။


ထို့‌နောက် လူမှုရေးရာဝန်ကြီးသည် မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံနှင့်အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြားပြီး ဌာနတည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေးတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)