၂၃၀ ကေဗွီ၊ ပျဉ်းမနားဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်းရှိ ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၃၀ ကေဗွီ၊ ပျဉ်းမနားဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်းရှိ ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၁၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ၁၀-၅-၂၀၂၅ ရက်နေ့က ၂၃၀ ကေဗွီ၊ ပျဉ်းမနားဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်းရှိ ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနေမှု ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူများက ဓာတ်အားထိန်းချုပ်ခန်းအတွင်းနှင့် Switch Yard အတွင်းရှိ ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနေမှု၊ မန္တလေးငလျင်ကြီးကြောင့် ဝန်ထမ်းအိမ်ရာများ၏ ထိခိုက်ပျက်စီးမှု၊ ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြင်ဆင်နေမှုနှင့် ယာယီဝန်ထမ်းအိမ်ရာ အဆောက်အအုံအသစ်များ တည်ဆောက်ပေးလျက်ရှိသည့် အခြေအနေများ၊ ထပ်မံ၍ ဓာတ်အားခွဲရုံဝင်းအတွင်း Container House များ ဆောက်လုပ်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်နိုင်ရေးအတွက် ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများကို အစီအမံများအတိုင်း လုပ်ဆောင်သွားရေး၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား SOP လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားရေး၊ ထပ်မံနေရာချထားမည့် ဝန်ထမ်းအိမ်ထောင်စုများအတွက် အစီအစဉ်များအပေါ် အဓိကလိုအပ်ချက်ဖြစ်သည့် ရေ၊ မီး၊ မိလ္လာ စနစ်များကို ကြိုတင်ညှိနှိုင်းစီစဉ်သွားရန် မှာကြားကာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားသည်။

ထို့နောက် ၃၃/၁၁ ကေဗွီ ပေါင်းလောင်းတိုးချဲ့ဓာတ်အားခွဲရုံသို့ရောက်ရှိရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Control Room နှင့် Switch Yard အတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပြန်လည်ပြင်ဆင်၍ ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးထား မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက မကြာမီကာလတွင် ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလတွင် စခန်းသွင်းနေရာနှင့် စာစစ်ဌာနများ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် မိုးမကျမီကာလတွင် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)