ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ဘုရားပုထိုးစေတီများနှင့် ဗောဓိညောင်ပင်များတွင် ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ဘုရားပုထိုးစေတီများနှင့် ဗောဓိညောင်ပင်များတွင် ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိ




ကျောက်ပန်းတောင်း  ၊ မေ ၁၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်သည့်၊ မေလ (၁၁) ရက်နေ့တွင် ဘုရားပုထိုးစေတီများနှင့် ဗောဓိညောင်ပင်များတွင် ‌ညောင်ရေ သွန်းလောင်းသူများ၊ ကုသိုလ်ပြုသူများဖြင့် နံနက်(၆)နာရီမှ စတင်၍ စည်ကားလျက်ရှိကြောင်း သိရသည်။


ကဆုန်လပြည့်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၌ ဗောဓိညောင်ပင်ရှိရာ ဘုရားပုထိုးစေတီများ၊ ဓမ္မာရုံများတွင် နံနက်(၆)နာရီက စတင်၍ ပင့်သံဃာ အရှင်သူမြတ်များအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခြင်း၊ ဓမ္မစကြာဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ညောင်ရေ သွန်းလောင်းပူဇော်ခြင်းများကို ရပ်ကွက်/ကျေးရွာအလိုက် ဆောင်ရွက်လျက်ရှိကြရာ မြို့မတောင်ရပ်ကွက် မင်္ဂလာစေတီကုန်းတော်ကြီး ဆုတောင်းပြည့်ဘုရားတွင် နံနက်အရုဏ်ဆွမ်း လောင်းလှူပူဇော်ပွဲများ ကျင်းပပြီး၊ နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ၍ အရုဏ်ဆွမ်း လောင်းလှူကြသူများနှင့် ညောင်ရေသွန်းလောင်း ပူဇော်ကြသူများအား စတုဒိသာ အာဟာရများ ဖြစ်သည့်၊ မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ အချိုရည် အစရှိသည်များကို ကျွေးမွေးကုသိုလ်ယူကြသူများဖြင့်လည်း စည်ကားများပြားခဲ့ကြောင်း သိရပြီး၊ မြို့ပေါ်ရှိ ဣစိတ္တံ ဘုရား၊ ဗောဓိ ဓမ္မာရုံဘုရား၊ သက်တော်ရဘုရား အစရှိသည့် နေရာများတွင်လည်း ညောင်ရေသွန်းလောင်းကြသူများ၊ ကုသိုလ်ပြုသူများဖြင့် စည်ကားများပြားခဲ့ကြောင်း သိရသည်။


နေအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)