ကျိုင်းတုံမြို့၌ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ၏ သက်တော်(၁၀၀)ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ၏ သက်တော်(၁၀၀)ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာအခမ်းအနားကျင်းပ




ကျိုင်းတုံ ၊ မေ ၁၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ၏ သက်တော်(၁၀၀)ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာအခမ်းအနားကို မေ ၁၀ ရက်က အမှတ်(၄)ရပ်ကွက် ကျိုင်းယင်းကျောင်းတိုက်တွင်ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနုဆိုင်ရာဝန်ထမ်းများ၊ ပြည်တွင်း/ပြည်ပ၊ ရပ်နီး၊ ရပ်ဝေးပြည်သူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုကြသည်။


ဦးစွာ တိုင်းမှူး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တက်ရောက်လာကြသူများက သာသနာ့ဝေပုလ္လပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဝိဇယထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်ဆရာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတတ် ပရိတ်တရားတော်နာယူကြသည်။ ဆက်လက်၍ ဌာနအသီးသီးမှ သက်တော်ရှည် ကျိုင်းယင်းကျောင်းတိုက်ဆရာတော်ကြီးထံ ပေးပို့လာသော မွေးနေ့ အနုမောဒနာ သဝဏ်လွှာများဖတ်ကြားကြပြီး ဆရာတော်ကြီး၏ ထေရုပ္ပတ္တိဖတ်ကြားပူဇော်သည်။


ထို့နောက် သက်တော်ရှည် ကျိုင်းယင်းကျောင်းတိုက်ဆရာတော်ကြီးအား ကံထပ်ပရိတ်တရားတော်များဖြင့် ပူဇော်ကြပြီး တိုင်းမှူးအမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက ကျိုင်းယင်းကျောင်းတိုက်ဆရာတော်ဘုရားကြီး၊ ဝစီပိတ်ဆရာတော်ကြီးနှင့် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း၍ ရေစက်ချအနုမောဒနာတရားနာယူကာ အမျှအတမ်းပေးဝေကြသည်။


ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သက်တော်ရှည် ဆရာတော်ကြီးအား သက်တော်ရာကျော်ရှည်ပါစေကြောင်းဆုတောင်း၍ ကန်တော့တောင်းပန်ကာ ရတနာတော်မြတ်သုံးပါးအား ရှိခိုးကန်တော့ကြသည်။ ထို့နောက် သက်တော်ရှည်ဆရာတော်ကြီးအား တိုင်းမှူးနှင့်တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်၍ ဧည့်ပရိတ်များအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။


ကျိုင်းတုံမြို့၌ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ၏ သက်တော်(၁၀၀)ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာအခမ်းအနားကို မေလ ၈ ရက်မှ ၁၀ ရက်အထိ ၃ ရက်တိုင်တိုင်ကျင်းပရာ သက်တော်ရှည်ဆရာတော်ကြီးအား  မိုင်းဖုန်းဆရာတော်၊ ပြည်တွင်း/ပြည်ပမှ ဆရာတော်သံဃာတော်များနှင့်ပြည်သူများ၊ ဒေသခံတိုင်းရင်းသာပြည်သူများ လာရောက်ကုသိုလ်ယူဖူးမြော်ကြပြီး စတုဒီသာအလှူရှင်များက ရိုးရာအစားအစာများ၊ အချိုရည်များဖြင့် ဧည်ခံကျွေးမွေးခြင်း၊ မနက်၊ နေ့လည်၊ ည ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးခြင်းနှင့် တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)