ပါလက်စတိုင်း နိုင်ငံ ထူထောင်ဖို့ အမေရိကန်က ခွင့်ပြုဖွယ်ရှိနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပါလက်စတိုင်း နိုင်ငံ ထူထောင်ဖို့ အမေရိကန်က ခွင့်ပြုဖွယ်ရှိနေ



မေ - ၁၁ ( တနင်္လာနေ့ ) 

ဆော်ဒီအာရေဗျတွင် ပြုလုပ်မည့် ပင်လယ်ကွေ့-အမေရိကန် ထိပ်သီးအစည်းအဝေးတွင် ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခွင့်ပြုချက်ပေးနိုင်လိမ့်မယ်လို့  အမည်မဖော်လိုသည့် သံတမန်သတင်းရင်းမြစ်များကို ကိုးကားပြီး မီဒီယာအချို့ကဖော်ပြလာပါတယ်။ 

ပါလက်စတိုင်းကို ရုရှားနှင့် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှရှိ နိုင်ငံအများစုအပါအဝင် နိုင်ငံပေါင်း ၁၄၇ နိုင်ငံမှ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုထား ပေမဲ့ အနောက်ဥရောပနိုင်ငံအများစု၊ အစ္စရေးနှင့် အမေရိကန်တို့က ၎င်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် တရားဝင် မသတ်မှတ်ထားပါဘူး။ ပါလက်စတိုင်းတွေကို နိုင်ငံတည်ထောင်ခွင့်ပေးလိုက်တာက အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းအဖြစ် နိုင်ငံအများအပြားက အသိအမှတ်ပြု ထားကြပါတယ်။ 

“သမ္မတ Donald Trump က ပါလက်စတိုင်းနိုင်ငံတော်နဲ့ ပတ်သက်လို့ အမေရိကန်က အသိအမှတ်ပြုကြောင်း ကြေငြာချက် ထုတ်ပြန်မှာဖြစ်ပြီး၊ ဟားမတ်စ်အဖွဲ့ မပါဘဲ ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်မှာပါ” လို့ အမည်မဖော်လိုသော ပင်လယ်ကွေ့သံတမန်သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။ အဲ့ဒိသတင်း ဘယ်ကရတာလဲ ဆိုတာကိုတော့  ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့ပါတယ်။ အဆိုပါ ကြေညာချက်သည် အရှေ့အလယ်ပိုင်းတွင် အာဏာချိန်ခွင်လျှာကို ပြောင်းလဲစေမည့် အရေးကြီးဆုံးသော ကြေငြာချက်ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆက်လက်ပြောပါတယ်။ 

အဲ့ဒိသတင်းနဲ့ပတ်သက်ပြီး နိုင်ငံတော်တော်များများမှာ လှုတ်လှုတ်ရှားရှား ဝေဖန်မှုတွေ အကြံပြုမှုတွေက အွန်လိုင်းပေါ်မှာ ညံစီနေပါတယ်။ အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီးကတော့ လုံးဝဖြစ်နိုင်ချေမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ တကယ်လို့ ထရမ့်က အဲ့ဒိကြေညာချက်ကို ထုတ်ပြန်လိုက်ပါက အလွန်ကြီးကျယ်သော အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ဖွယ်ရာ ရှိနေပါတယ်။ အပြုသဘောဆောင်တဲ့ ကြေညာချက်ဖြစ်နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ 

ဒေါ်နယ်ထရမ့်က သူ့ရဲ့ ပထမသမ္မတ သက်တမ်းတုန်းက အစ္စရေး နိုင်ငံရဲ့ မြို့တော်ကို တဲ့လ်အဗစ်မှ အနောက်ဂျေရုစလင်ကို ပြောင်းရွှေခွင့် ပြုလိုက်သလို အခု အရှေ့ဂျေရုစလင်က ပါလက်စတိုင်း မြို့တော် ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ 


REF: RT 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)