နမ့်စန်မြို့နယ် မြို့ဦးသီရိမင်္ဂလာကျောင်းတိုက်တွင် မဟာဗောဓိပင် ပရိဘောဂစေတီတော်မြတ်အား ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇာနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်စန်မြို့နယ် မြို့ဦးသီရိမင်္ဂလာကျောင်းတိုက်တွင် မဟာဗောဓိပင် ပရိဘောဂစေတီတော်မြတ်အား ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇာနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ



နမ့်စန်(တ) ၊  မေ ၁၂


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့ဦးသီရိ မင်္ဂလာကျောင်းတိုက်အတွင်း အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာမှ ပင့်ဆောင်စိုက်ပျိုးထားသော မဟာဗောဓိပင်ပရိဘောဂစေတီတော်မြတ်အား (၁၁)ကြိမ်မြောက် ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇာနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းတိုက်အတွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ တက်ရောက်လာကြသူများက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ကမ္ဘာ့ဗုဒ္ဓဝိပဿနာဗိမာန်ကျောင်းတိုက် ရတနာ့ဂုဏ်ရည် နယ်လှည့် ဓမ္မကထိကဆရာတော် ဒေါက်တာ အရှင်ဩဘာသထံမှ ငါးပါးသီလဆောက်တည်ကာ ဆရာတော်ကမြတ်ဗုဒ္ဓအကြောင်းသိကောင်းစရာ တရားတော်များချီးမြှင့်ဟောကြေားခဲ့သည်။


ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အမှတ်(၉၆၆) GE တပ်တို့မှ ဝတ်ရွတ်အသင်းအဖွဲ့များက မဟာဗောဓိပင် မြတ်အား ရှစ်လုံးဖွဲ့ကဗျာသံပြိုင်ရွတ်ဆို၍ ပူဇော်ခဲ့ကြသည်။


ထို့နောက် မြို့ဦးသီရိမင်္ဂလာကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောဏ္ဍည နှင့် ဓမ္မကထိကဆရာတော်များက မဟာဗောဓိပင်မြတ်အား အနေကဇာတိ (၃)ဂါထာပူဇော်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။


ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းနှင့်ဇနီးတို့ကဦးဆောင်၍ ဘုရားဒါယကာ ဒါယိကာမများနှင့် ဧည့်သည်တော်များ၊ ဝတ်ရွတ်အသင်းများနှင့် တရားစခန်းဝင် ယောဂီများက မဟာဗောဓိပင်မြတ်အား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။


ထို့နောက် ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


သူရအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)