မြောက်ဥက္ကလာပမြို့နယ်တွင် မြတ်ဒါန သာသနာ့ဗိမ္မာန် မုခ်ဦး စေတီတော် ထီးတော်တင် မင်္ဂလာ နှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်တွင် မြတ်ဒါန သာသနာ့ဗိမ္မာန် မုခ်ဦး စေတီတော် ထီးတော်တင် မင်္ဂလာ နှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနား ပြုလုပ်







ရန်ကုန်၊ မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စံပြ(ဂ)ရပ်ကွက်၊ ဥက္ကာ ၂ လမ်း၊ ဝါတွင်း အင်္ဂါပါတ် မြတ်ဒါန သာသနာ့ဗိမ္မာန် မုခ်ဦး စေတီတော် ထီးတော်တင် မင်္ဂလာနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ သာသနာ့ဗိမ္မာန်တော်တွင် ပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြ‌သောသြဝါဒ စရိယ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ဝါတွင်းဆွမ်း လောင်း ဓမ္မာရုံ နာယကကြီး နှင့် အဖွဲ့ဝင်များ ၊စေတနာရှင် အလှူရှင်များ နှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး ပင့်သံဃာတော် အရှင်သူမြတ် များထံမှ  မေ တ္တာသုတ်ပရိတ်များတရား တော်များရွတ်ဖတ်ပူ‌ဇော်ခဲ့ကြသည်။ 

ထို့နောက် မြတ်ဒါန သာသနာ့ဗိမ္မာန် တော် မုခ်ဦးအလှူရှင်များဖြစ်သော အလှူရှင် ဦးယူစိန် နှင့် မိသားစု ၊ အလှူရှင် ဒေါ်ခင်သန်းရီ နှင့် ဒေါ်ခင်နှင်းရီမိသားစုများက ဆရာတော် အရှင်သူမြတ်တို့အား စိန်ဖူး တော် ၊ ငှက်မြတ်နား တော်၊ ရွှေထီးတော် များ နှင့်  လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အလှူရှင်မိသားစုနှင့် အကျိုးတော်ဆောင်များက စိန်ဖူး တော် အစရှိသော ထီးတော် ဘုံအဆင့်ဆင့်အား မင်္ဂလာပန်းရထားဖြင့် တင်လှူပူ ဇော်ခဲ့ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့က ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း နှင့် အန္တရယ်ကင်း ပရိတ်များ ရွတ်ဖတ်ပူ ဇော်ခဲ့ကြသည်။ ယင်းနောက် မြတ်ဒါန - သာသနာ့ဗိမ္မာန် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးလွင်က လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု နှင့် ရှေ့လုပ်ငန်းများအား လျှောက်ထားခဲ့ပြီး မြတ်ဒါန - သာသနာ့ဗိမ္မာန် အကျိုးတော်ဆောင် ဘဏ္ဍာရေးမှူး ဦးမောင်လှက  ဘဏ္ဍာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ဆက်လက်၍ မြတ်ဒါန သာသနာ့ဗိမ္မာန် ဒုတိယဥက္ကဋ္ဌ ဦးယူစိန်က စာရင်းစစ်အစီရင်ခံစာဖတ်ကြားကာ  နာယက ဦးမင်းဦးနှင့် ဦးသန်းဦးတို့က ကျေးဇူးတင်စကားနှင့် ကမ္ဗည်းမော်ကွန်း မှတ်တမ်းအား ဖတ်ကြားခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဝင်၊ သာသနာ့ဓဇဓမ္မာစရိယ ဩဝါဒစရိယ ဓမ္မဝိဟာရီ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသာရဒ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍လှူဒါန်းမှု အစုစုတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ကြ‌သည်။

ဆက်လက်၍ မြတ်ဒါနသာသနာ့ဗိမ္မာန် အင်္ဂါပါတ် ၊ ဝါတွင်း ဆွမ်း လောင်း ဓမ္မာရုံ ဖွင့်ပွဲကို ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး တက်ရောက်လာကြသာ အလှူရှင်များ နှင့် ဧည့်ပရိတ်သတ်များက ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယက ဥက္ကဋ္ဌ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ၊ ဘဒ္ဒန္တအဂ္ဂသာမိ အရှင်သူမြတ် မှ ဩဝါဒချီးမြှင့် တော်မူ၍ သံဃာ တော် အရှင်သူမြတ်တို့မှ ရွတ်ဖတ်အပ်သော ပရိတ်တရားတော်များ နာယူကြပြီး  အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ဆရာတော်ကြီးထံမှ ရေစက်သွန်းချ အမျှ‌‌ဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားအား ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)