သာစည်မြို့၌ သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့၌ သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူ



သာစည်  ၊ မေ ၁၂


မန္တလေးတိုင်းဒေသကြီး သာစည်မြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ပွဲကို ကဆုန်လပြည့် (ဗုဒ္ဓ) နေ့ ယမန်နေ့နံနက်က အမှတ် (၆) ရပ်ကွက် သာယာကုန်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ နံနက် ၅ နာရီခွဲတွင် ကြွရောက်လာသော သံဃာတော် ၁၀၈ ပါးတို့အား ကြာဆံဟင်းခါးဖြင့် အရုဏ် ဆွမ်း ဆပ်ကပ်သည်။ ဆက်လက်ပြီး နံနက် ၆ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော် နှင့်အဖွဲ့ဝင်များကဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူခဲ့ကြပြီး နိုင်ငံတော်ဗဟိုဝန်ဆောင် သာယာကုန်းကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တပုညဓဇထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အား ရေစက်ချအမျှဝေခဲ့ကြောင်း သိရသည်။


ထို့နောက် နံနက် ၈ နာရီခွဲတွင် အမှတ် (၄) ရပ်ကွက် ရတနာမာန်အောင်ဘုရားဝင်းအတွင်းရှိ ဗောဓိညောင်ပင်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်း၍ ကဆုန်ညောင်ရေသွန်းလောင်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)