အိန္ဒိယ - ပါကစ္စတန် ပဋိပက္ခက ကျနော်တို့ ကိစ္စမဟုတ်ဘူးဗျ လို့ ဒုသမ္မတဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယ - ပါကစ္စတန် ပဋိပက္ခက ကျနော်တို့ ကိစ္စမဟုတ်ဘူးဗျ လို့ ဒုသမ္မတဆို


မေ - ၁၂ ( တနင်္လာနေ့ ) 

လက်ရှိဖြစ်ပွားနေတဲ့ နယူးဒေလီနှင့် အစ္စလာမာဘတ်ကြား ပဋိပက္ခတွင် ဝါရှင်တန်က ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ် က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ 

"ကျနော်တို့နဲ့ မဆိုင်မဘဲနဲ့ စစ်ပွဲအလယ်မှာ ကျနော်တို့ ပါစရာ အကြောင်းမရှိပါဘူး" လို့ ဗန့် က ဖောက်စ်နယူး သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ “နျူကလီးယား အင်အားကြီးနိုင်ငံတွေ ထိပ်တိုက်တွေ့ပြီး ကြီးမားတဲ့ ပဋိပက္ခတွေ ကြုံလာတိုင်း ကျနော်တို့ကတော့ စိုးရိမ်မိပါတယ်။  အခြေအနေကို ပိုမိုကျယ်ပြန့် တဲ့ ဒေသတွင်း စစ်ပွဲ ဒါမှမဟုတ် နျူကလီယား ပဋိပက္ခအဖြစ်သို့ ပြောင်းလဲသွားလိမ့မယ်လို့လည်း မမျှော်လင့်ထားပါဘူး။ အခြေခံအားဖြင့် အိန္ဒိယက ပါကစ္စတန်နဲ့ ပတ်သက်လာရင် အကဲဆတ်မှုတွေ ရှိပါတယ်။ ပါကစ္စတန်ကဘက်ကလည် အိန္ဒိယက သူတို့ကို ဆက်ဆံတဲ့အတိုင်း တုံ့ပြန်မှုတွေ ရှိနေပါတယ် ။ ကျနော်တို့ လုပ်နိုင်တာက အဲ့ဒိလူတွေမှာ ဖြစ်နေတဲ့ တင်းမာမှုတွေကို နည်းနည်းစီ လျော့သွားအောင် တွန်းအားပေးနိုင်ဖို့ ကြိုးစားရမှာပါပဲ “ လို့ ဆိုသွားပါတယ် ။ 

အမေရိကန်က အပစ်ရပ်ရေး အတွက် ၂ နိုင်ငံ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီမှု ရခဲ့ပေမဲ့ မြေပြင်မှာကတော့ အပစ်ရပ်ရေးက မဖြစ်နိုင်ဘဲ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ် ။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရူဘီယိုက အိန္ဒိယနှင့် ပါကစ္စတန်ကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုအတွက် အမေရိကန်၏ ထောက်ခံမှုကို ထပ်မံအတည်ပြုခဲ့ပြီး ဆက်သွယ်ရေးတိုးမြှင့်ရန် ဆက်လက်ကြိုးပမ်းမှုများကို အားပေးခဲ့ပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)