ကန်ကြီးထောင့်မြို့နယ်၌ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးများထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်စိုက်ပျိုးနိုင်မှုအတွက် ထောက်ပံ့ခြင်းအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်၌ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးများထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်စိုက်ပျိုးနိုင်မှုအတွက် ထောက်ပံ့ခြင်းအခမ်းအနားကျင်းပ




ကန်ကြီးထောင့် ၊ မေ ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်စိုက်ပျိုးနိုင်မှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တောင်သူများအား (၂၅%)ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့မေလ(၁၂)ရက်နေ့ နံနက်ပိုင်းက ဧရာသီရိသုခခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


 ဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲနိုင်လွင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်စိုက်ပျိုးနိုင်မှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ (၂၅%)အား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တောင်သူများက လက်ခံရယူခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက တက်ရောက်ခဲ့ကြကြောင်းသိရသည်။


ကျော်ဇင်စို:

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)