မေ - ၁၈ ( တနင်္ဂနွေနေ့ )
အမေရိကန်သမ္မတကတော် မယ်လန်နီယာ ရဲ့ မွေးရပ်မြေ စလိုဗေးနီးယားနိုင်ငံ ဆီဗနီကာ မြို့အနီးတွင် စိုက်ထူထားသည့် သူမရဲ့ရုပ်တုသည် ဖျက်ဆီးခံရပြီး ခိုးယူခံရတာကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံများတွင် ရုပ်တုအား ထုလုပ်ထားသည့် သစ်ပင်ငုတ်တွင် ခြေဖဝါးနှင့် ခြေချင်းဝတ်များသာ ကျန်ရှိတော့ကြောင်း ပြသထားပါတယ်။ ဆလိုဗေးနီးယား ရဲတပ်ဖွဲ့သည် မေလ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်အား ခိုးမှုဖြင့် အရေးယူဆောင်ရွက်နေကြောင်း မီဒီယာများသို့ အတည်ပြု ပြောကြားခဲ့ပြီး တရားဝင် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။
မယ်လန်နီယာရဲ့ ကိုယ်ထည်အတိုင်းထုလုပ်ထားတဲ့ သစ်သားရုပ်တုကို လယ်ကွင်းတစ်ခုအနားမှာ ၂၀၁၉ခုနှစ်က ထုလုပ်ထားရာ မီးတင်ရှို့ခံလိုက်ရပါတယ်။ အဲ့ဒိသစ်သားရုပ်အစား ကြေးရုပ်တုကို အမေရိကန်ပန်းပုပညာရှင် ဘရက်ဒ်ဒေါင်းနေးနဲ့ ဒေသခံအနုပညာရှင် အလက်ဇူပီဗက် တို့က သွန်းလုပ်ပြီး ၂၀၂၀ မှာ ပြန်လည်စိုက်ထူ နိုင်ခဲ့ပါတယ်။
အဆိုပါရုပ်တုသည် လူဦးရေ ၅၀၀၀ ဝန်းကျင်ရှိသော ဆလိုဗေးနီးယားအရှေ့ပိုင်း ဆာဗာမြစ်ပေါ်ရှိ မြို့ငယ်လေးဖြစ်သော ဆီဗနီကာတွင် ဒေသခံခရီးသွားများကို စူးစမ်းလိုစိတ်ဖြစ်စေခဲ့ပါတယ်။ မယ်လန်နီယာ ထရမ့် သည် အမေရိကန် သမ္မတကတော် ဖြစ်လာပြီးနောက် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။
သူမသည် ၁၉၉၆ ခုနှစ်တွင် အမေရိကန်၌ မော်ဒယ်လ် အဖြစ် အသက်မွေးဝမ်းကြောင်းကို မစတင်မီ ထိုမြို့လေးတွင် အစောပိုင်းနှစ်များ၌ နေထိုင်ခဲ့တာပါ။ နောက်ပိုင်းနှစ်များတွင် မြို့သည် ၎င်း၏ အကျော်ကြားဆုံး နေထိုင်သူဟောင်းများကို ဂုဏ်ပြုရန်အတွက် မယ်လန်နီယာ ထုတ်ကုန်အမျိုးမျိုးကို မိတ်ဆက်ခဲ့ကြောင်း သိရပါတယ်။
REF: RT
https://t.me/MyanmarNationalPost



No comments:
Post a Comment