မေ - ၂၂ ( ကြာသပတေးနေ့ )
ဆီးရီးယားနိုင်ငံသည် ရက်သတ္တပတ်များအတွင်း အကြမ်းဖက်မှုများ မြင့်တက်လာတာကြောင့် တိုင်းပြည်ပျက်သွားနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ဝါရှင်တန်ရှိ လွှတ်တော်အမတ်များအား ပြောကြားခဲ့ပါတယ်။
ဘာသာရေးအစွန်းရောက်ဂျီဟတ်ဝါဒီများ ရှိနေသော်လည်း တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းပေးရန်အတွက် ဆီးရီးယားသမ္မတသစ် အာမက်အယ်လ်ရှာရာက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တိုက်ရိုက်တွေ့ဆုံခဲ့ပါတယ်။ ဆီးရီးယားနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ချဉ်းကပ်မှုကို လွှတ်တော်အမတ်များ ရှင်းရှင်းလင်းလင်း နားလည်ဖို့ ရူဘီယိုက က ကာကွယ်ပြောဆိုနေတာပါ။
အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ ရူဘီယိုက "အသွင်ကူးပြောင်းရေးအာဏာပိုင်တွေဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ပြည်တွင်းစစ် အတိုင်းအတာနဲ့ ပြည့်နှက်နေတဲ့ သီတင်းပတ်တွေ လပေါင်းများစွာတွေကနေ ပြန်တည့်မတ်နိုင်မယ် အခြေအနေမှာ အခုတော့ပြိုကျပျက်စီးဖို့အတွက် ပြန်ဖြစ်လာနေပါတယ်။ တိုင်းပြည်က အခြေခံအားဖြင့်ကို ကွဲထွက်နေပါပြီ" လို့ပြောသွားပါတယ်။
သမ္မတဟောင်း ဘာရှာအာဆက် ကို အာဏာမှ ဖယ်ရှားရန် အမေရိကန် ကျောထောက်နောက်ခံ ပြုထားသော ကြိုးပမ်းမှုကြောင့် ရှည်လျားပြီး သွေးထွက်သံယို ပဋိပက္ခများက ၂၀၁၁ ခုနှစ်မှ စတင်ကာ ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲ့ဒိနောက်မှာတော့ အကြမ်းဖက်မှုများ ဆက်လက်၍ ဖြစ်ပေါ်နေခဲ့တာပါ။ ဆီးရီးယားသည် ISIS နှင့် အခြား ဂျီဟတ်ဝါဒီများ အပါအဝင် ဂျီဟတ်အဖွဲ့များအတွက် ကစားကွင်းဖြစ်လာကြောင်း ရူဘီယို က ပြောကြားခဲ့ပါတယ်။
ဆီးရီးယားခေါင်းဆောင်သစ်က ဘာသာရေး အစွန်းရောက်အဖွဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပေမဲ့ တဖြည်းဖြည်းကျယ်ပြန်လာတဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေကို ထိန်းသိမ်းဖို့ရာက အမေရိကန်က သူတို့ကို ထောက်ခံပေးဖို့လိုတယ်လို့ ဆိုပါတယ်။ ပြီးတော့ သူက လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမေရိကန် လူ့အခွင့်အရေးအစီအစဉ်က အချို့နေရာတွေမှာ အခြားသူတွေနဲ့ ကွဲပြားကောင်း ကွဲပြာနေမှာပါ လို့ ပြောသွားပါသေးတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment