မော်စကို ကို လာရောက်တိုက်ခိုက်တဲ့ ယူကရိန်းဒရုန်းတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်စကို ကို လာရောက်တိုက်ခိုက်တဲ့ ယူကရိန်းဒရုန်းတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆို


မေ - ၆ ( အင်္ဂါနေ့ ) 

မော်စကိုမြို့ကို လာရောက်တိုက်ခိုက်တဲ့ ယူကရိန်း ဒရုန်းတွေကို အားလုံးနီးပါး ချေမှုန်းနိုင်ခဲ့တယ်လို့ မော်စကိုမြို့တော်ဝန် ဆာဂျီ ဆိုဘီယန်နင်က ဆိုကြောင်း ဒီကနေ့ မနက်ပိုင်းတယ်လီဂရပ်သတင်းဌာနရဲ့ သတင်းအစီအစဉ်မှာ ပါရှိပါတယ်။ 

ဒရုန်းတစ်စင်းကတော့ မြို့တော်တောင်ဘက်ရှိ လူနေအဆောက်အအုံတစ်ခုအား ဝင်တိုက်မိခဲ့ကြောင်း အခင်းဖြစ်ပွားရာ ဓာတ်ပုံများအရ သိရပါတယ်။ ယူကရိန်းတွေက အင်္ဂါနေ့ မနက်အစောပိုင်း ၁ နာရီ ၁၆ မိနစ်မှာ မော်စကိုကို တိုက်ခိုက်ဖို့အတွက် ပထမအသုတ်အနေနဲ့ ဒရုန်း ၅ စင်းလွှတ်ခဲ့ပါတယ်။ မော်စကို လေကြောင်းရန် ကာကွယ်ရေး က အဆိုပါ ဒရုန်း ၅ စင်းကို ပစ်ချနိုင်ခဲ့ပါတယ်။ နောက်ထပ်နာရီဝက်ခန့်အကြာမှာ မော်စကိုမြို့တော် ကိုလာတဲ့ လမ်းမှာ ဒရုန်း ၃ စင်းကို ထပ်မံ ပစ်ချလိုက်နိုင်ပါတယ်။ 

"ပဏာမသတင်းအချက်အလက်အရ၊ ပြင်းထန်သောဒဏ်ရာရခြင်း သို့မဟုတ် အသေအပျောက်မရှိပါဘူး" ဟု မြို့တော်ဝန်ကပြောကြားခဲ့ပါတယ်။ အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဒရုန်းများ ပျက်ကျရာ နေရာများတွင် လုပ်ဆောင်နေပြီး "လိုအပ်သောအစီအမံများ အားလုံးကိုလုပ်ဆောင်နေသည်" ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။

နံနက် ၂ နာရီ ၁၇  မိနစ်တွင် လေကြောင်းရန်ကာကွယ်ရေးက  "လမ်းကြောင်းအမျိုးမျိုးမှ မော်စကိုသို့ ပျံသန်းလာသော အခြားဒရုန်း ၁၀ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်" လို့ ဖော်ပြခဲ့ပါတယ်။ စုစုပေါင်း ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့တဲ့ လူမဲ့တိုက်ခိုက်ရေးယာဉ်( UAV ) အနည်းဆုံး ၁၉ စင်း ကို ဖျက်ဆီး နိုင်ခဲ့တယ် လို့ ဆိုပါတယ်။ 

မြို့တော်ဝန်ရဲ့ အဆိုအရ UAV များထဲမှတစ်စင်းသည် မြို့တောင်ဘက်ရှိ ကာရှိရာစကို အဝေးပြေး လမ်းမကြီး အနီးတွင် ပြုတ်ကျခဲ့ကြောင်း သိရပါတယ်။ 

TASS သတင်းဌာနမှ ထုတ်ဝေသော ဓာတ်ပုံများတွင် ဒရုန်းသည် လူနေအထပ်မြင့်တစ်ခု၏ အပေါ်ထပ်ကို ဝင်တိုက်ကာ ပြတင်းပေါက်များစွာကို ကွဲအက်ကာ ပန်းဆိုင်တစ်ဆိုင်၏ စတိုးဆိုင်ရှေ့ကို ထိခိုက်စေခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်သည့် စစ်ဆင်ရေးများကိုပြုလုပ်နေသဖြင့် မော်စကိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များအား ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)