မေ - ၆ ( အင်္ဂါနေ့ )
အမေရိကန် အစိုးရသည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံအတွင်းမှ ဆန္ဒအလျောက် ထွက်ခွာပါက ဒေါ်လာ ၁,၀၀၀ ထောက်ပံ့ကြေးနှင့် လေယာဉ်လက်မှတ် အခမဲ့ ပေးဆောင်မည်ဖြစ်ကြောင်း အမိမြေလုံခြုံရေးဌာန (DHS) က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။
DHS ရဲ့ မူဝါဒအရ အရည်အချင်းပြည့်မီသူများကို CBP Home အက်ပ်မှတစ်ဆင့် ထွက်ခွာလိုကြောင်း လျှောက်ထားခွင့်ပြုပါတယ်။ ပါဝင်သူများကို ချုပ်နှောင်ခြင်းလုပ်မှာ မဟုတ်ဘဲ ၎င်းတို့၏ဆန္ဒအလျောက် ထွက်ခွာကြောင်း အတည်ပြုပြီးနောက်၊ ဘဏ္ဍာရေးမက်လုံးများ ရရှိမည်ဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့် သည် အစီအစဉ်၏ အကျိုးကျေးဇူးများကို အလေးပေးပြောကြားခဲ့ပြီး အချို့သော ပါဝင်သူများသည် အနာဂတ်တွင် တရားဝင်ပြန်လာရန် အရည်အချင်းပြည့်မီနိုင်သည်ဟု ဖော်ပြခဲ့ပါတယ်။ "သူတို့နဲ့ လက်တွဲပြီး လုပ်သွားမှာပေါ့၊ အလုပ်နည်းနည်းပါးပါးနဲ့ သူတို့ပြန်လာနိုင်တယ် - သူတို့ လူကောင်းတွေဆိုလို့ရှိရင် ငါတို့တိုင်းပြည်က ပြန်လက်ခံမှာပါ။ ငါတို့လိုချင်တဲ့ လူတွေ၊ ငါတို့တိုင်းပြည်ကို ချစ်တဲ့ ဝီရိယရှိတဲ့ လူတွေအတွက် အမေရိကားက လက်ခံနေမှာပါ" လို့ တနင်္လာနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment