ဆရာ ဆရာမများ၏ အရည်အသွေးပြည့်ဝနေမှသာ သင်ရိုးမာတိကာပါ အကြောင်းအရာများသာမက လက်တွေ့သင်ကြားရေးနှင့် ပြင်ပလုပ်ငန်းခွင်ကျွမ်းကျင်မှုအတွက်ပါ စာတွေ့နှင့် လက်တွေ့ချိတ်ဆက်လေ့ကျင့်ပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆရာ ဆရာမများ၏ အရည်အသွေးပြည့်ဝနေမှသာ သင်ရိုးမာတိကာပါ အကြောင်းအရာများသာမက လက်တွေ့သင်ကြားရေးနှင့် ပြင်ပလုပ်ငန်းခွင်ကျွမ်းကျင်မှုအတွက်ပါ စာတွေ့နှင့် လက်တွေ့ချိတ်ဆက်လေ့ကျင့်ပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား


နေပြည်တော်၊ မေ ၆

အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် Grade-10, Grade-11, Grade-12 သင်ကြားမည့် သင်ကြားရေးမွမ်းမံ သင်တန်းတက်ရောက်နေသော ဆရာ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ သင်တန်းပို့ချမည့် ဆရာဆရာမများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အခြေခံစိုက်ပျိုးမွေးမြူရေးပညာရပ်များ တတ်မြောက်သူများအဖြစ် ပြုစုပျိုးထောင်ပေးရမည့် သင်ကြားလေ့ကျင့်ပေးသူ ဆရာ ဆရာမများအနေဖြင့် ကိုယ်တိုင်စေတနာ၊ ဝါသနာကိုအခြေခံပြီး မိမိတို့ကိုယ်တိုင် တတ်မြောက်ထားသည့် ပညာရပ်များကို မျှဝေသင်ကြားပို့ချရမည်ဖြစ်ကြောင်း၊ လေ့ကျင့်သင်ကြားပေးမည့် ဆရာ ဆရာမများ၏ အရည်အသွေးပြည့်ဝနေမှသာ သင်ရိုးမာတိကာပါ အကြောင်းအရာများသာမက လက်တွေ့သင်ကြားရေးနှင့် ပြင်ပလုပ်ငန်းခွင်ကျွမ်းကျင်မှုအတွက်ပါ စာတွေ့နှင့် လက်တွေ့ချိတ်ဆက်လေ့ကျင့်ပေးနိုင်မည်ဖြစ်ကြောင်း၊ သင်ကြားရေး ဆရာ ဆရာမအဖြစ် ပြောင်းလွှဲတာဝန်ထမ်းဆောင်ကြရသူများအနေဖြင့် စိုက်ပျိုး-မွေးမြူရေး ပညာပေးဝန်ထမ်းအဖြစ်မှ မတူညီသည့်သင်ကြားရေးနယ်ပယ်တွင် တာဝန်ယူရမည်ဖြစ်သည့်အတွက် သင်ကြားရေးနည်းစနစ်များ၊ ကြိုတင်ပြင်ဆင်လေ့လာလေ့ကျင့်ရမည့် သင်ခန်းစာအကြောင်းအရာများ၊ အကဲဖြတ်အမှတ်ပေးစနစ်များသည် ကျောင်းသား ကျောင်းသူများ၏ အနာဂတ်ပညာရေးလမ်းကြောင်းကို အဆုံးအဖြတ်ပေးရန် အရေးပါသည့်အရာများဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များက သင်တန်းကာလအတွင်း လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသောက်နေထိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး သင်တန်းသား သင်တန်းသူများနှင့် ရင်းနှီးခင်မင်စွာ နှုတ်ဆက်ကြကြောင်းနှင့် သင်တန်းသို့ ဆရာ ဆရာမ ၃၈၂ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)