နောင်ချို၊ မေ ၆
တပ်မတော်စစ်ကြောင်းများအား နှောက်ယှက်တိုက်ခိုက်နေသည့် နောင် ချိုမြိုအနီးရှိ TNLA အကြမ်းဖက် စခန်း ၂ ခုအား တပ်မတော်မှ မေလ ၅ ရက် ညနေ ၄ နာရီအချိန်ခန့်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် TNLA အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားသည့်အတွက် တပ်မတော်သားများ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမား ၁လောင်း၊ သေနတ် ၁ လက်၊ ကျည်အိမ်/ကျည်ဆံများ၊ ပစ်ကျင်း/ဘန်ကာများအားသိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
TNLA အကြမ်းဖက်အဖွဲ့က တပ်မတော်နှင့် ဆွေးနွေးမှုများတွင် သဘောတူညီမှု မရသေးကြောင်း၊ NUG အကြမ်းဖက်အဖွဲ့နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောဆိုထားသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment