ကျောက်တန်းမြို့နယ်တွင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်တွင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ




ကျောက်တန်း ၊  မေ ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပြာသာဒ်တနွံမင်းကျောင်း ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲကို ၁၃၈၇ ခုနှစ်ကဆုန်လပြည့် ယနေ့နံနက် ၈ နာရီအချိန်ကစတင်ကာ အဆိုပါစေတီတော်ရင်ပြင်ရှိ ဗောဓိပင်၌ ကျင်းပခဲ့ကြောင်း သိရသည်။


ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်အပေါင်းအတွက် နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပြီး  ဘုရားအလောင်းတော် သုမေဓာရသေ့ ဗျာဒိတ်ခံယူသောနေ့သည်လည်း ကဆုန်လပြည့်နေ့၊ ဤနေ့တွင်ပင် ဂေါတမမြတ်စွာဘုရားလောင်းတော် သိဒ္ဓတ္တမင်းသားဖွားမြင်တော်မူသောနေ့၊  ဘုရားအဖြစ်သို့ ပွင့်တော်မူသောနေ့၊ ဗုဒ္ဓဝင်အကျဥ်းဟောတော်မူသောနေ့၊ မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်သောနေ့များသည် ကဆုန်လပြည့်နေ့ပင်ဖြစ်ပါသည်။ ထို့ပြင် လွန်ခဲ့သောနှစ်ပေါင်း (၇၀၀) ခန့်က ဥဇနမင်းကြီးလက်ထက်ကတည်းက ညောင်ရေသွန်းပူဇော်ပွဲတော် ကျင်းပလာသည်မှာ ယနေ့တိုင်ဖြစ်ပြီး အေးမြသော ရေစင်ရေကောင်းဖြင့် သွန်းလောင်းပူဇော်ခြင်းဖြစ်သဖြင့် ကာလဒါနလည်းဖြစ်ပြီး လောကီလောကုတ္တရာနှစ်ဖြာသော ကောင်းကျိုးချမ်းသာရရှိနိုင်သော ကုသိုလ်ကောင်းမူဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေးယဥ်ကျေးမှုတစ်ခုပင်ဖြစ်ပါသည်။


ဦးစွာ စေတီတော်အတွင်း တည်ထားကိုးကွယ်ထားသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းများက ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ယာယီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက စေတီတော်အတွင်းရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြကြောင်း သိရသည်။


သန့်ဇင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)