အိန္ဒိယက ရုရှားနဲ့ပေါင်းပြီး အသံထက်မြန်တဲ့ ခရုဇ်ဒုံး ထုတ်တဲ့ စက်ရုံဖွင့်လှစ်နိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယက ရုရှားနဲ့ပေါင်းပြီး အသံထက်မြန်တဲ့ ခရုဇ်ဒုံး ထုတ်တဲ့ စက်ရုံဖွင့်လှစ်နိုင်


မေ - ၁၁ ( တနင်္ဂနွေနေ့ ) 

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အက်တာပရာဒေ့ရှ် ပြည်နယ်တွင် ဘရာမို အသံထက်မြန်သော ခရုဇ်ဒုံးကျည် ထုတ်လုပ်ရေးစက်ရုံကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။  ကာကွယ်ရေးဝန်ကြီး ရာဇနတ်သ်ဆင်းဂ် က ဖွင့်လှစ်လိုက်သည့် အဆိုပါ စက်ရုံသည် အကွာအဝေး ၂၉၀ - ၄၀၀ ကီလိုမီတာနှင့် အမြန်နှုန်း မက်ချ် ၂.၈ အထိရှိသည့် ကမ္ဘာ့အမြန်ဆုံး အသံထက်မြန်သော ခရုဇ်ဒုံးကျည်များ ထုတ်လုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်၊၊

ဘရာမို အာကာသသိပ္ပံ သည် ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့သော အိန္ဒိယ - ရုရှား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အိန္ဒိယက ဗြဟ္မပုတ္တရမြစ်နဲ့ ရုရှား က မိုစကာဗာမြစ်များကို အစွဲပြု၍ အမည်ပေးထားတာပါ။ အိန္ဒိယ၏ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် ကုမ္ပဏီတွင် ရှယ်ယာ ၅၀.၅% ရှိပြီး ရုရှား က ၄၉.၅% ပိုင်ဆိုင်ထားတာပါ။ ဒုံးပျံများ စမ်းသပ်ခြင်းနှင့် တပ်ဆင်ခြင်းအတွက် ဤစက်ရုံသည် အရေးကြီးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကာကွယ်ရေးဆိုင်ရာ ထုတ်ကုန်များကို စမ်းသပ်ရန်နှင့် အသိအမှတ်ပြုရန်အတွက် ယူနစ်တွင် တီထွင်မည့် ကာကွယ်ရေး စမ်းသက်မှု အခြေခံအဆောက်အအုံ ယူနစ် (DTIS) အတွက် အုတ်မြစ်ချခြင်းကိုလည်း တွေ့မြင်ခဲ့ရပါတယ်။  လက်ခ်နောင်း ရှိ ဘရာမို ထုတ်လုပ်မှု ယူနစ်ကို ဒေါ်လာ ၃၅ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး သုံးနှစ်ခွဲအတွင်း ပြီးစီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ အိန္ဒိယစစ်တပ်က ထုတ်လုပ်ပြီးသား ခရုဇ် ဒုံး ၂၅၀ ကို ဝယ်ယူပြီးပြီလို့လည်း သိရပါတယ်။ 

ဘရာမို ဒုံးကျည်သည် အိန္ဒိယစစ်တပ် လက်နက်တိုက်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ၎င်းသည် မြေပြင်ပစ်မှတ်များကို တိကျသေချာသော တာဝေးပစ်တိုက်ခိုက်မှုများအတွက် ဒီဇိုင်းထုတ်ထားပြီး ကုန်းမြေ၊ ပင်လယ်နှင့် ရေအောက် ခြိမ်းခြောက်မှုများကို ထိတွေ့ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)