မေ - ၁၁ ( တနင်္ဂနွေနေ့ )
အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီး နာရီပိုင်းအတွင်း ပါကစ္စတန်သည် ဂျမူးနဲ့ ကတ်ရှ်မီးယား ပြည်နယ်ရှိ ဆရီနာဂါမြို့ ရှိ ပစ်မှတ်များကို မောင်းသူမဲ့လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယဘက်က စွပ်စွဲလိုက်ပါတယ်။
"အပစ်အခတ်ရပ်စဲရေးက ဘာဖြစ်သွားတာလဲ။ ဆရီနာဂါ မှာ ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်!!!" ဟု ဂျမူးနဲ့ကတ်ရှ်မီးယား ဝန်ကြီးချုပ် အိုမာအဘ်ဒူလာ က သူ့ရဲ့ အိတ်စ်မီဒီယာ အကောင့်မှာရေးတင်ခဲ့ပါတယ်။
"ထိန်းချုပ်ရေးမျဉ်းတလျှောက် ပစ်ခတ်ခြင်းကို ပါကစ္စတန်တပ်ဖွဲ့များ စနေနေ့က ပြုလုပ်ခဲ့ပြီး နာရီပိုင်းအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်။ အဲ့ဒိနောက်မှာတော့ အပြန်အလှန်ပစ်ခတ်မှုတွေ စတင်ခဲ့ပါတယ်" ဟု အိန္ဒိယတူဒေး သတင်းဌာနက စနေနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
X ၏ နောက်ထပ်ပို့စ်တစ်ခုတွင်၊ Abdullah သည် အဘ်ဒူလာနဲ့ နောက်ထပ်ပို့စ်တစ်ခုမှာတော့ ပါကစ္စတန်ဘက်က မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခံရနေစဉ်အတွင်း လုပ်ဆောင်နေသောလှုပ်ရှားမှုများကို တင်ခဲ့ပြီး အိန္ဒိယ လေကြောင်းရန် ကာကွယ်ရေးတပ်များကို ခေါ်သည့် ဗီဒီယိုကို ပြသခဲ့သည်ဟု ABC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
“အပစ်အခတ်ရပ်စဲရေး မရှိပါဘူး” လို့ အဘ်ဒူလာက ပြောပါတယ်။ "ဆရီနာဂါမြို့အလယ်မှာ လေကြောင်းရန် ကာကွယ်ရေးတပ်တွေကို အခုပဲဖွင့်ထားပါတယ်" လို့ဆိုပါတယ်။
အိန္ဒိယ - ပါကစ္စတန် အပစ်ရပ်ရေးနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စနေနေ့ အစောပိုင်းတွင် “ချက်ချင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသည်” လို့ ကြေညာထားပါတယ်။
REF: UPI
https://t.me/MyanmarNationalPost

No comments:
Post a Comment