သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်




ကွန်ဟိန်း  ၊ မေ၂၉


မိုးဦးကာလဖြစ်ပွားတက်သော သွေူလွန်တုပ်ကွေးရောဂါနှင့် အခြားရောဂါများ မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် ပူးပေါင်းအဖွဲ့များသည် ယနေ့န့နက် (၉) နာရီအချိန်ခန့်က ကွန်ဟိန်းမြို့မဈေး၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ရပ်ကွက်လူနေအိမ်များအတွင်း အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနအမှုဆောင်အရာရှိ ဦးအောင်သက်ဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကွန်ဟိန်းမြို့မဈေး၊ အခြေခံပညာအထက်တန်းကျောင်း၊ ရပ်ကွက်လူနေအိမ်များတို့သွားရောက်ပြီးရေတွင်း၊ ရေကန်၊ ရေစည်များအဖုံးဖုံးအုပ်ရန်အသိပေးခြင်း၊ သောက်သုံးရေထည့်ထားသည့်ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများအား ခြင်မပေါက်ပွားစေရန်၊ လဲလှယ်ပြောင်းထည့်ခြင်း၊ စွန့်ပစ်ပစ္စည်းများ၊ ဘူးခွန်များမှရေများအာသွန်ပစ်ခြင်း၊ ရေများမလဲနိုင်သည့်ရေကန်များကို ရေစစ်ဖြင့်စစ်ထုတ်ခြင်း ပိုလောက်လန်းများမရှိစေရေးအတွက် အဘိတ်ဆေးများခတ်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)