မြောက်ဥက္ကလာပ၊ မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေး နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ဌာနဆိုင်ရာများက အမှတ်(၅) အခြေခံပညာ အလယ်တန်းတွင် ယနေ့ နံနက် ၇ နာရီအချိန် စုပေါင်းသန့်ရှင်း ရေးပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းစေရေးအတွက် ၁ ရပ်ကွက်၊ သုမိတ္တာလမ်းရှိ အမှတ်(၅)အခြေခံပညာ အလယ်တန်း ပတ်ဝန်းကျင် အနီး အနားရှိ အမှိုက် သရိုက် များကောက်ယူခြင်း၊ မြက်ပင် ၊ ပေါင်ပင် ၊ ချုံနွယ် များအား ခုတ်ထွင် ရှင်းလင်းခြင်း ၊ ကျောင်းအတွင်း / အပြင် များ တွင် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ကြသည်။
ထို့အပြင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းဆယ်ယူရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိ ပုံသွင်း အလင်းဖွင့်ခြင်း၊ သစ်ရွက်ခြောက်ကြွေများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိအမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment