ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သဒ္ဓမ္မပါလရွှေကျောင်းတိုက် ၊ အောင်ဆန်းမိုးကုတ်ဝိပဿာနာ ဓမ္မရိပ်သာခွဲ သို့အလှူငွေများ လာရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သဒ္ဓမ္မပါလရွှေကျောင်းတိုက် ၊ အောင်ဆန်းမိုးကုတ်ဝိပဿာနာ ဓမ္မရိပ်သာခွဲ သို့အလှူငွေများ လာရောက်လှူဒါန်း




ပြင်ဦးလွင်     ၊   မေ    ၁၇


မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်  ၊ ပြင်ဦးလွင်မြို့နယ် ၊ အင်းယားကျေးရွာအုပ်စု ၊ ကျီးကိုင်ကျေးရွာရှိ  သဒ္ဓမ္မပါလရွှေကျောင်းတိုက် ၊ အောင်ဆန်းမိုးကုတ်ဝိပဿာနာ ဓမ္မရိပ်သာခွဲ၌ သီတင်းသုံးနေထိုင် ကြကုန်သော ရဟန်း/သာမနေ (၂၈) ပါး ၊ ခေတ္တသီတင်းသုံးလျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်  သကျဓီတာ  သီလရှင် စာသင်တိုက်မှ  ဆရာကြီး / ဆရာလေး ( ၂၅၀ ) ပါး ၊ စုစုပေါင်း  ( ၂၇၈ ) ပါးတို့အား  လှူဖွယ်ပစ္စည်းများနှင့်  နဝကမ္မအလှူငွေများ  လာရောက်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်  (၁၀)နာရီက အဆိုပါဓမ္မရိပ်သာခွဲ၌ ကျင်းပပြုလုပ်ခဲ့သည် ။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခြင်း၊ သဒ္ဓမ္မပါလ ရွှေကျောင်းတိုက်၊ အောင်ဆန်းမိုးကုတ်ဝိပဿာနာ ဓမ္မရိပ်သာခွဲ ဆရာတော်ထံမှ ကိုးပါးသီလခံယူ၍ ဆောက်တည်ခြင်း၊  ဆရာတော်ကြီးအမှူးရှိသော ဆရာကြီး၊   ဆရာလေးတို့ထံမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများအဖွဲ့ ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့တို့သည် လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မအလှူငွေများအား   ဆရာတော်ကြီးထံသို့ ဆက်လက်လှူဒါန်းခြင်းနှင့် ရေစက်ချ အနုမောဒနာ တရားနာယူကြပြီး ဆရာတော်ကြီးအား ဩကာသကန်တော့ချိုးဖြင့် ပြန်လည် ရှိခိုးကန်တော့ပြီး   အခမ်းအနား ကို  ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ပြီးစီးခဲ့သည်။ 


ဆက်လက်ပြီး  ဆရာတော်သံဃာတော်များ၊ ဆရာကြီး၊ ဆရာလေးတို့အား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ဧည့်သည်တော်များအား နေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ကြကြောင်းသိရသည်။     


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)