မေ - ၁၇ ( စနေနေ့ )
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ဟားမတ်စ်ကို ချေမှုန်းရန် ရည်ရွယ်၍ ဂါဇာတွင် ဗုံးကြဲတိုက်ခိုက်မှု အသစ်ကို ထပ်လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ အမေရိကန်၊ အီဂျစ်နှင့် ကာတာတို့ ပွဲစားလုပ်ပြီး ပြုလုပ်ထားတဲ့ အပစ်အခတ်ရပ်စဲရေးက မတ်လမှာ သက်တမ်းကုန်ဆုံးပြီးဖြစ်လို့ အစ္စရေးတို့က ထိုးစစ်ဆင်မှုကို ပြန်လုပ်နေတာပဲ ဖြစ်ပါတယ်။
"ပြီးခဲ့တဲ့ ရက်တွေက IDF သည် ဂါဇာတွင် စစ်ဆင်ရေးချဲ့ထွင်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂါဇာကမ်းမြှောင်ရှိ မဟာဗျူဟာမြောက် နယ်မြေများကို သိမ်းပိုက်ရန် ကျယ်ပြန့်သော တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင်များကိုလည်း စုစည်းခဲ့ပါတယ်လို့ သောကြာညနေပိုင်းတွင် ထုတ်ပြန်ခဲ့ပါတယ်။
"တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ IDF တပ်ဖွဲ့များသည် အစ္စရေးနိုင်ငံသားများကို ကာကွယ်ရန်နှင့် စစ်ပွဲ၏ပန်းတိုင်များကို သိရှိရန် ဆက်လက်လုပ်ဆောင်သွားမယ်" လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။
Times of Israel သတင်းဌာ ၏ အဆိုအရ IDF သည် ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်ရန် ရည်မှန်းထားပြီး ပါလက်စတိုင်းပြည်သူများအား နယ်မြေ၏တောင်ဘက်ခြမ်းသို့ ပြောင်းရွှေ့နေရာချထားရန်နှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို “အကြမ်းဖက်အုပ်စုများ” ရယူနေခြင်းကို တားဆီးရန် ရည်ရွယ်ပါတယ်။
အယ်လ်ဂျာဇီးရား သတင်းဌာန၏ ဖော်ပြချက်အရ သောကြာနေ့ အရုဏ်တက်ချိန်မှ စတင်၍ ပါလက်စတိုင်း အနည်းဆုံး ၁၁၅ ဦးသည် သေဆုံးခဲ့ကြောင်း သိရပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment