ယူကရိန်းကို ကူညီတာကြောင့် ဒေါ်လာတွေ ဘီလီယံချီပြီး ဆုံးရှုံးမှာကို စိုးရိမ်နေရတယ်လို့ ထရမ့်ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းကို ကူညီတာကြောင့် ဒေါ်လာတွေ ဘီလီယံချီပြီး ဆုံးရှုံးမှာကို စိုးရိမ်နေရတယ်လို့ ထရမ့်ဆို



မေ - ၁၇ ( စနေနေ့ ) 

ယူကရိန်းနိုင်ငံအတွက် ထောက်ပံ့ကူညီမှုတွေကြောင့် ဒေါ်လာဘီလီယံပေါင်းများစွာ အလဟဿဖြစ်မှာကို စိုးရိမ်မိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောပါတယ်။

သောကြာနေ့က ထုတ်လွှင့်သော Fox News ၏ အင်တာဗျူးတစ်ခုတွင် အစီအစဉ်တင်ဆက်သူ ဘရက်ဘေယာ က ထရမ့်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မော်စကိုနှင့် ကိယက်ဗ်ကြား ငြိမ်းချမ်းရေးအတွက် အတားအဆီး တစ်ခုဖြစ်နေသလား လို့မေးမြန်းခဲ့ပါတယ်။ ထရန့်က အဲ့ဒိမေးခွန်းကို တိုက်ရိုက်မဖြေခဲ့ဘဲ ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လင်စကီး အကြောင်းကိုပဲ ပြောသွားပါတယ်။  

"ကျနော်ပြောချင်တာက ဇီလန်စကီး အကြောင်းဗျ။ သူနဲ့ ကျနော်စကားပြောခဲ့တုန်းက တော်တော် အဆင်မပြေ ဖြစ်ခဲ့တယ်။ သူ့ကိုကျနော်အမြဲပြောတာရှိပါတယ်၊ ခင်ဗျားမှာ ဝှတ်ဖဲတွေမရှိ၊ လက်ရှိလုပ်နေတဲ့ အလုပ်တွေ မလွယ်ဘူး၊ အဲ့ဒါကိုချိန်တွယ်ဖို့ ပြောနေတာပါ” လို့ဆိုပါတယ်။ 

ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ကိယက်ဗ်သို့ ပေးပို့သည့် အကူအညီများနဲ့ ပတ်သက်ပြီး  "ကျနော်ပြောပြမယ် ပိုက်ဆံက ပိုက်ဆံပဲ။ အမေရိကန်တွေရဲ့ ပိုက်ဆံတွေ လျော့သွားတာက ငါ့ကို စိတ်အနှောက်အယှက်ပေးတဲ့အရာ လို့ပဲမြင်တယ်။  ဘိုင်ဒန်က ပိုက်ဆံတွေကို ယူကရိန်းအား ပေးနေတာကို မြင်ရတာ မုန်းတယ် သိလား။ ခွင့်လွှတ်ပါဗျာ။  စိတ်ဆိုးသွားတယ်။ သူပေးလိုက်တဲ့ ချက်လက်မှတ်တွေပေါ်က ဒေါ်လာ ၆၀ ဘီလီယံကို တွေ့ရတာ မုန်းတယ်" လို့ ထရမ့်က ပြောပါတယ်။ 

"ဇီလန်စကီး က ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အရောင်းသမားတစ်ယောက် ဖြစ်တယ်လို့ထင်တယ်။ သူက ကျွန်တော့်ထက်တောင် ပိုကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ဝါရှင်တန်ကို ရောက်လာပြီး ဆိုရင် အကြိမ်တိုင်း ဒေါ်လာသန်း ကို ရာနဲ့ချီပြီး ထွက်သွားပါတယ်" လို့ ဆိုပါတယ်။ 

"ကွန်ဂရက်စ်ကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တော်တော်စိတ်ပျက်တယ်။ သူတို့ကို ကျနော်ပြောပါတယ်။ အဲ့ဒီငွေတွေ ဘယ်ရောက်သွားလဲ"လို့  Trump က ဆက်ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်အကူအညီအတွက် ဇီလန်စကီးရဲ့ စည်းရုံးနိုင်စွမ်းက အချိန်ကြာလာသည်နှင့်အမျှ “ကျုံ့သွားမှာပါ”  လို့ဆိုပါတယ်။ 

အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ၆၆ ဒသမ ၅ ဘီလီယံ အပါအဝင် ဒေါ်လာ ၁၂၈ ဘီလီယံအား ၂၀၂၂ ခုနှစ်ကတည်းက ထောက်ပံ့ပေးခဲ့ပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)