နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ်၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့်စိုက်ပျိုးခြင်း အခမ်းအနားတက်ရောက်၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ်၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့်စိုက်ပျိုးခြင်း အခမ်းအနားတက်ရောက်၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး




လယ်ဝေး ၊  မေ ၁၇


နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ်၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးရန် မျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက်ကာ မြို့နယ်အတွင်း စိုက်ပျိုး‌ရေးနှင့်မွေးမြူရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေ မှုများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်သူရ၊ အဖွဲ့ဝင်ဦးဝင်းအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၅-၂၀၂၆ ခုနှစ်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးရန်အတွက် မျိုးစေ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး တောင်သူများအား သစ်စိမ်းမြေဩဇာ မျိုးစေ့များ ပေးအပ်သည်။ ထို့နောက် ကြောင်ရေကျေးရွာအနီး ကွင်းအမှတ် ၁၇၉၃ တောင်သူဦးတင့်ဇော်၏နှင့် တောင်သူ ၅ ဦးတို့၏ လယ်မြေ ၄၅ ဧကတွင် သစ်စိမ်းမြေဩဇာ ကြဲပက်စိုက်ပျိုးနေမှုများကို ကြည့်ရှုအား ပေးသည်။


ဆက်လက်‌၍ နေပြည်တော်ကောင်စီဝင်သည် ကြောင်ရေကျေးရွာ၊ ကွင်းအမှတ် ၁၇၉၃၊ တောင်သူဒေါ်ခင်ရီ၏လယ်မြေဧက ၂၀ တွင် ရှစ်လက်မ ဆိုလာပန့်ဖြင့်  သီးနှံများစိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှု၍ သီးထပ်သီးညှပ် ရာသီသီးနှံများအား အပြည့်အဝစိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည်လယ်ဝေးမြို့နယ် ရွှေပြည်အေးကျေးရွာနေ ဦးနိုင်မင်းဝေ ၏ဝက်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်နိုင်ရေးသက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)