ပန်းတောင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား(အခမဲ့)ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လစဥ်ပုံမှန်ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား(အခမဲ့)ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လစဥ်ပုံမှန်ဆောင်ရွက်ပေး





ပန်းတောင်း  ၊ မေ ၂၃


ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လစဥ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၂၁ ရက်နေ့နံနက် (၉:၃၀) အချိန်က အခမဲ့စမ်းသပ်ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။


ထိုသို့ ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းထိုက်စိုးဦးဆောင်၍ ဆရာ၊ဆရာမများကအငြိမ်းစားဝန်ထမ်းများကို အပူချိန်များတိုင်းတာ၍လည်းကောင်း၊ ဆီးချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊သွေးတိုးရောဂါအစရှိသောရောဂါများကို အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းနှင့်ဆေးဝါးများ အခမဲ့ ပေးလျက်ကြောင်းသိရသည်။


အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို​​ လစဥ် ၂၁ ရက်နေ့နံနက် ၉:၃၀ အချိန်မှ ညနေ ၄:၀၀ အချိန်ထိ အခမဲ့ဆေးကုသပေးလျက်ရှိရာလက်ရှိတွင် လူနာဟောင်း ၇၅ ဦး၊ လူနာသစ် ၃ ဦး စုစုပေါင်း ၇၈ ဦးခန့် ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းထိုက်စိုးထံမှသိရသည်။


လပြည့်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)