မေ - ၁၅ ( ကြာသပတေးနေ့ )
ဒီကနေ့ ဆီးရီးယား အာဏါသိမ်းခေါင်းဆောင် အာမက်အယ်လ်ရှာရာကို လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက အသေမိရင်တောင် ကန်ဒေါ်လာ ၁၀ သန်းပေးမယ်လို့ အမေရိကန်က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းဟမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားခေါင်ဆောင်ကို ဆော်ဒီအာရေးဗီးယားမှာ တွေ့ဆုံပြီး လက်ဆွဲနှုတ်ဆက်ရလောက်အောင်ကို နိုင်ငံရေး အနေအထားက ပြောင်းလဲသွားခဲ့ပါပြီ။
အယ်လ်ရှာရာက မနှစ်ကဆီးရီးယားသမ္မတ ဘာရှာအာဆက်ကိုဖြုတ်ချပြီး ကြားဖြတ်အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ အယ်ကိုင်ဒါ နဲ့ အိုင်အက်စ်အိုင်အက်စ် အကြမ်းဖက်အဖွဲ့တွေရဲ့ အဓိက ပလေယာတစ်ယောက်ဖြစ်တဲ့ အယ်လ်ရှာရာက အကြမ်းဖက်အဖွဲ့တွေရဲ့ ငွေကြေးကို စီမံပေးခဲ့သူပါ။ ဒါ့အပြင်ကို အကြမ်းဖက်လုပ်ငန်းတွေကို စီမံကိန်းချပေးတာတွေ၊ လက်နက်ရှာဖွေပေးတာတွေ၊ အကြမ်းဖက်လုပ်ငန်းအတွက် လေ့ကျင့်ရေး နဲ့ လူသစ်ရှာပေးတာတွေ ပြီးတော့ ထိုးဖောက်မှုတွေလုပ်ဖို့ ဗျူဟာရေးပေးတာတွေကို လုပ်ကိုင်ပေးနေတဲ့သူပါ။ ကုလသမဂ္ဂမှာတောင် သူ့ကို အကြမ်းဖက်သမား ထိပ်တန်းနေရာမှာ စာရင်းသွင်းထားပါတယ်။
အခုတော့ အမေရိကန်သမ္မတကတောင် တလေးတစားနဲ့ လက်ဆွဲနှုတ်ဆက်နေရပါပြီ။ အမေရိကန်ကတော့ အရှေ့အလယ်ပိုင်းဒေသမှာ ကျဆင်းနေတဲ့ ပုံရိပ်ကို ပြန်ပုံဖော်ဖို့အတွက် အကြမ်းဖက်သမားနဲ့လည်း ပြန်ဆက်ဆံနေရပါတယ်။
REF: NDTV
https://t.me/MyanmarNationalPost


No comments:
Post a Comment