နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် စာရေးကိရိယာများ ပေးအပ်ပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် စာရေးကိရိယာများ ပေးအပ်ပွဲသို့ တက်ရောက်


နေပြည်တော်၊ မေ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ယမန်နေ့က ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် စာရေးကိရိယာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ၏ ဝန်ထမ်းမိဘများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရေး ရက်သတ္တပတ် မေ ၂၂ ရက်တွင် စတင်ကျောင်း အပ်နှံရမည်ဖြစ်ကြောင်း၊ ကျောင်းစတင်အပ်နှံသည်နှင့် နိုင်ငံတော်အစိုးရက ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင် သက်ဆိုင်ရာအတန်း အလိုက် ဖတ်စာအုပ် (Text Book) အပြည့်အစုံ၊ လေ့ကျင့်ခန်းစာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ခဲတံ၊ ဘောပင်များကို အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံကြေး၊ အခြားအသုံးစရိတ် မည်သည့်စရိတ်မှ ပေးသွင်းရန်မလိုကြောင်း၊ ကျောင်းသားမိဘများ စိတ်ချမ်းသာစွာဖြင့် ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးထားပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းတက်ရာတွင် စာကြိုးစားကြရန်နှင့် ပညာကို တက်မြောက်အောင် သင်ကြားကြရန်လိုအပ်ကြောင်း၊ ကျန်းမာရေးအမြဲကောင်းမွန်နေရန်လိုအပ်ပြီး ကျန်းမာမှ ကောင်းစွာပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းစာအပြင် အားကစား၊ အနုပညာ၊ အထွေထွေဗဟုသုတ စသည်တို့ကိုလည်း တတ်မြောက်အောင် သင်ကြားလေ့ကျင့်သွား စေလိုကြောင်း၊ ဗလ ၅ တန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်လာရန် မိဘများ၊ တာဝန်ရှိသူများက အမြဲတမ်းစောင့်ကြည့် ကြပ်မတ်ပံ့ပိုးပေးသွားရန် လိုအပ်ကြောင်း၊ မိမိ မိသားစုအတွက်လည်းကောင်း၊ နိုင်ငံအတွက်လည်းကောင်း အားကိုးအားထားပြုရမည့် ပညာတတ်များဖြစ်အောင် ရည်မှန်းချက်ထားကြိုးစားသွားကြရန် လိုအပ်ကြောင်းမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၏ မိသားစုဝင်ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)