ရွှေတိဂုံစေတီတော်သို့ ယခုနှစ်လေးလတာကာလအတွင်း ပြည်တွင်းပြည်ပမှ ဘုရားဖူး ဧည့်သည် ၂၅ သိန်းကျော် လာရောက်ဖူးမြော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော်သို့ ယခုနှစ်လေးလတာကာလအတွင်း ပြည်တွင်းပြည်ပမှ ဘုရားဖူး ဧည့်သည် ၂၅ သိန်းကျော် လာရောက်ဖူးမြော်

 



ရန်ကုန် ၊  မေ ၄


ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလတာကာလအတွင်း ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည် ၂၅ သိန်းကျော် လာရောက်ဖူးမြော် ကြည်ညိုကြကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။


ယင်းကာလအတွင်း ဘုရားဖူးဝင်ရောက်မှုအနေဖြင့် သံဃာတော် ၄၆၁၄၆ ပါး၊ သာသနာ နွယ်ဝင်သီလရှင် ၂၅၅၀၁ ပါး၊ အမျိုးသား ၁၀၉၀၇၃၃ ဦး၊ အမျိုးသမီး ၁၃၁၀၉၀၉ ဦး၊ နိုင်ငံခြားသား ၁၃ဝ၅၅ ဦး၊ နိုင်ငံခြားသူ ၁၅၀၈၁ ဦး စုစုပေါင်း ၂၅၀၁၄၂၅ ဦးဖြစ်သည်။


အဆိုပါလေးလတာကာလတွင် ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဝင်ရောက်မှုသည် ရုံးဖွင့်ရက်များ၌ တစ်ရက်လျှင် အနည်းဆုံးလူဦးရေ တစ်သောင်းဝန်းကျင်မှ လေးသောင်းဝန်းကျင်ထိ လာရောက်ကြပြီး လအလိုက်အများဆုံး ဝင်ရောက်မှုမှာ အများပြည်သူရုံးပိတ်ရက်များဖြစ်သည့် ဇန်နဝါရီလ ၁ ရက် နိုင်ငံတကာနှစ်သစ်ကူးနေ့တွင် ရဟန်းသံဃာ ပြည်သူ ၄၂၆၁၄ ဦး၊ ဇန်နဝါရီလ ၄ ရက်လွတ်လပ်ရေးနေ့တွင် ၃၂၆၇၅ ဦး၊ ဖေဖော်ဝါရီလ ၉ ရက် တနင်္ဂနွေနေ့တွင် ၄၄၅၉၀ ဦး၊ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ၄၃၆၇၆ ဦး၊ မတ်လ ၂ရက် တောင်သူလယ်သမားနေ့တွင် ၈၈၆၃၅ ဦး၊ မတ်လ ၁၃ ရက်တပေါင်းလပြည့်နေ့တွင် ၁ဝ၆၉၄၉ ဦး၊ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ၁၀၃၀၉၆ ဦး၊ ဧပြီလ ၂၇ ရက် တနင်္ဂနွေနေ့တွင် ၂၅၃၀၁ ဦး အများဆုံး လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်းလည်း သိရသည်။


ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့သည် ရပ်နီးရပ်ဝေးမှ ဘုရားဖူးများ အဆင်ပြေစေရန်နှင့် စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန်၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ နံနက် ၅ နာရီ မှ ည ၉ နာရီအထိ ဖွင့်လှစ်ပေးလျက်ရှိရာမှ ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်မှစကာ ဘုရားဖူးမြော်ချိန်ကို နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)