ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၅) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၅) ကျင်းပ


လွိုင်ကော်၊ မေ ၂၅

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဌာနအလိုက် စီမံကိန်းလျာထားချက်များအားပြည့်မီအောင်ဆောင်ရွက်ရေး၊  ပြည်နယ်အတွင်း စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေး၊  MSME လုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရေး၊ အခွန်အကောက်များ ပြည့်မီစွာရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အားကစားကဏ္ဍအသီးသီးတွင် အချိုးညီညီတိုးတက်ရေး၊ မကြာမီ အဆင့်မြင့်နှင့်အခြေခံပညာကျောင်းများ၊ သက်မွေးပညာကျောင်းများ ဖွင့်လှစ်ရာတွင် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများပြည့်စုံရေးနှင့် သက်ဆိုင်ရာကျောင်းအလိုက် တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်နိုင်ရေး ဆောင်ရွက်သွားရန်၊ တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ကြီးကြပ်ဆောင်ရွက်ရေးနှင့် မြို့/ရွာများ သန့်ရှင်းသာယာလှပပြီး မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ပြည်သူများပူးပေါင်းပါဝင်ကြရေးကို စည်းရုံးဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် စီမံကိန်းလုပ်ငန်းများ ဖော်ဆောင်ထားရှိမှုများ၊ ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် ဒေသစိမ်းလန်းစိုပြည်စေရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များ စီမံထားရှိမှုအခြေအနေများ၊ ပန်းခင်းစီမံချက်အရ မြေပြင်ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများကို ဦးစားပေးအဆင့်အလိုက် ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား အသီးသီးရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)