ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ





နေပြည်တော်၊ မေ ၂၇

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်း အသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက်ရှိ စက်မှုဇုန်(၆)လမ်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများ တက်ရောက်၍ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် ပတ္တမြားရပ်ကွက်ရှိ ကျင်းရှင်းနည်ပညာစစ်ကိုင်းကုမ္ပဏီ စက်ရုံအတွင်း ဖုန်းအားသွင်ကြိုး ထုတ်လုပ်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ယူကရိန်း သံရည်ကျို စက်ရုံအတွင်း သံရည်ကျိုလုပ်ငန်းများ၊ ဟင်းဂလိုင်း လုပ်ငန်းများနှင့် ပန်းလုံးလုပ်ငန်း လုပ်ကိုင်နေမှုအခြေအနေများကို လိုက်လံကြည့်ရှု အားပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် စစ်ကိုင်းမြို့ တောင်ဖီလာတောင်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ပတ္တမြားစေတီအား ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများအားလည်းကောင်း၊ ဝါးချက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ တာဝန်ထမ်းဆောင်နေကြသော ဆရာ/ဆရာမများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာနမှ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးနေ မှုကို ကြည့်ရှုအားပေးပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ကျောင်းဆောင် အဆောက်အဦများနှင့် ယာယီကျောင်းဆောင်သစ် ဆောက်လုပ်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်တို့သည် တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးမြို့၊ နန်းမြို့တွင်းရှိ ငလျင်ဒဏ်ကြောင့်ထိခိုက် ပျက်စီးခဲ့သော နန်းမြို့ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ ကန္ဓကုဋိတိုက်၊ အာရုံခံတန်ဆောင်းနေရာ များ၌ ရှေးမူမပျက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

၎င်းနောက် ချမ်းအေးသာစံမြို့နယ်ရှိ ယခင်မင်္ဂလာဈေး နေရာတွင် ငလျင်ဘေးသင့် ပြည်သူများအတွက် ကုမ္ပဏီအသီးသီးမှ အိမ်ဆောက်ပစ္စည်းများအား စက်ရုံထုတ် အထူးဈေးနှုန်းဖြင့် ပြင်ပပေါက်ဈေးထက် သက်သာစွာ ရောင်းချပေးနေမှု အခြေအနေ များအားလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ “ ဆ ” ရပ်ကွက်ရှိ CROWN ဘိလပ်မြေ အရောင်းဌာနသို့လည်းကောင်း၊ “ ဋ ” ရပ်ကွက်ရှိ ကြံ့နှစ်ကောင် ဘိလပ်မြေ အရောင်း ဌာနများသို့ သွားရောက်၍ ငလျင်ဒဏ်သင့်ပြည်သူများ လက်ဝယ်သို့ ဘိလပ်မြေအိပ်များ ပြင်ပပေါက်ဈေး ထက်သက်သာစွာ တိုက်ရိုက်ရောင်းချပေးနေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် အောင်မြေသာစံမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီး ခဲ့သော ဖြိုချဖျက်ဆီးပြီး အန္တရာယ်ရှိ အဆောက်အအုံများအား အပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှု အခြေအနေများအားလည်းကောင်း၊ လိုက်လံကြည့်ရှု စစ်ဆေး၍ လုပ်ငန်းခွင် အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ် ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ မဟာဒီပဲရင်းကျောင်းတိုက်များသို့လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီ ရပ်ကွက်ရှိ ရှင်လွန်းမယ်ဘုရားသို့လည်းကောင်း၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ရှိမဟာဝိဇယရံသီပုထိုးတော်ကြီးမြတ်စွာဘုရားသို့ လည်းကောင်း၊ ဆင်စွယ်ပွတ်ကျေးရွာရှိသတ္တဌာနဘုရားနှင့် တောင်သမန်းကျေးရွာရှိ မဟာသကျရံသီ ကျောက်တော်ကြီး မြတ်စွာဘုရားများသို့လည်းကောင်း သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး သွားသော အပျက်အစီးများအား တပ်မတော်သားစစ်သည်များမှ ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများအားလည်းကောင်း၊ စက်ယန္တရားကြီးများ အသုံးပြု၍ ရှင်းလင်း ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ အပျက်အစီးများ ရှင်းလင်း ဆောင်ရွက်ရာတွင် ထပ်မံသိမ်းဆည်းရရှိသော ဌာပနာပစ္စည်းများအား စနစ်တကျ သိမ်းဆည်ထားရန် တို့ကိုလည်းကောင်း၊ သွားရောက်ကြည့်ရှု့ အားပေးပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် ကျောက်ဆည်မြို့၊ မြို့တော်ခန်းမ၌ ဒေသခံပြည်သူများအား “ငလျင်ဒဏ်ခံနိုင် သည့် အဆောက်အဦများ ဆောက်လုပ်နိုင်ရေးအသိပညာပေးဟောပြောပွဲ” သို့ တက်ရောက်ပြီး အဆောက်အဦများ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ရဟန်း သံဃာများ၊ ဒေသခံ ပြည်သူများအား အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာ တွင် တည်ဆောက်ရမည့် နည်းလမ်းများ၊ လုပ်ငန်းစဉ်များနှင့် အသုံးပြုရမည့်ပစ္စည်းများ အား ကျွမ်းကျင်သူများနှင့် တိုင်ပင်၍ ပြုလုပ်ဆောင်ရွက်သွားရန် အသေးစိတ်ဆွေးနွေးခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းနှင့် ဒေသခံပြည်သူများမှ သိရှိလိုသည့်အချက်များအား တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

၎င်းနောက် ကျောက်ဆည်မြို့၊ ခရိုင်တရားရုံးနှင့် ဆူးကုန်းရပ်ကွက်ရှိ ခရိုင် စုပေါင်းရုံး အတွင်း၌ Modular Container House များဖြင့် (ယာယီ)ရုံး ဖွင့်လှစ်ပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် တပ်ဆင်ဆောက် လုပ်နေမှု အခြေအနေများအားလည်းကောင်း၊ ဖောင်ရွာရပ်ကွက်ရှိ ဗြဟ္မဝိဟာရဗိဗ္ဗာန်၌ စာဖြေ သံဃာတော်များအတွက် ၄ထပ်ဆောင်အား ပြန်လည်ပြုပြင်ရန်အတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် စာဖြေခုံများ နေရာရွှေ့ပြောင်းပို့ဆောင်နေမှုများအား လည်းကောင်း၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွား သော ဘုရားစေတီများ၊ သာသနိကအဆောက်အဦများနှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှု အခြေအနေ များအား သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)