မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မိုးရာသီကာလ သစ်ပင်များစိုက်ပျိုးနိုင်​ရေး သစ်တောဦးစီးဌာန၊ မြိုင်သာယာ (အမြဲတမ်း) ပျိုးဥယျာဉ်တွင်လူထုဖြန့်ပျိုးပင်များ စိုက်ပျိုးထားရှိမှု ကြည့်ရှုအား​ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မိုးရာသီကာလ သစ်ပင်များစိုက်ပျိုးနိုင်​ရေး သစ်တောဦးစီးဌာန၊ မြိုင်သာယာ (အမြဲတမ်း) ပျိုးဥယျာဉ်တွင်လူထုဖြန့်ပျိုးပင်များ စိုက်ပျိုးထားရှိမှု ကြည့်ရှုအား​ပေး





မော်လမြိုင်၊ မေ ၂၆

မွန်ပြည်နယ်တွင် သဘာဝသစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရေးနှင့် သစ်တောပြုန်းတီးမှုများ လျော့ချနိုင်ရေးတို့ကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ​မေလ ၂၄ ရက်​နေ့၊ နံနက်ပိုင်းက သစ်​တောဦးစီးဌာန မော်လမြိုင်မြို့၊ မြိုင်သာယာ (အမြဲတမ်း) ပျိုးဥယျာဉ်တွင် ပြည်နယ်သစ်​​တောဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးမှ ပြည်နယ်အတွင်း ပျိုးခင်းအတွင်း အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်မြန်သစ်မျိုးများ၊ အမြဲစိမ်းသစ်မျိုးများ၊ အရိပ်ရသစ်မျိုးများနှင့် ဒီ​ရေ​တောပျိုးပင် စိုက်ပျိုးဆောင်ရွက်ထားရှိမှုအ​ခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းမှာရှိသည့် မြို့နယ်များသို့ လာမည့်မိုးရာသီကာလတွင် လူထုဖြန့်ပျိုးပင်များ ဖြန့်ဖြူးစိုက်ပျိုးနိုင်​ရေးပျိုးပင်များအားစနစ်တကျ စိုက်ပျိုးထားကြရန်၊ စိုက်ပျိုးပြီးအပင်များကိုလည်း တစ်ပင်စိုက်တစ်ပင်ရှင်စနစ်​ဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန်၊ ပျိုးသက် ၂ နှစ်အထက်အပင်များ စိုက်ပျိုးရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အ​လေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီတွင် စိုက်ပျိုးမည့် သစ်မာအမျိုးအစားများဖြစ်သော ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပျဉ်းမ စသည့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိမှုတို့ကို ကြည့်ရှုအား​ပေးခဲ့ကြောင်း သိရှိရသည်။


စည်သူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)