မုံရွာမြို့နယ်၌ ဆီထွက်သီးနှံ နွေနှမ်းစိုက်ဧက ၄၂၁ ဧက စိုက်ပျိုးပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မုံရွာမြို့နယ်၌ ဆီထွက်သီးနှံ နွေနှမ်းစိုက်ဧက ၄၂၁ ဧက စိုက်ပျိုးပြီးစီး

 



မုံရွာ ၊ မေ ၇


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နွေနှမ်းသီးနှံစိုက်ပျိုးဧက ၄၂၁ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


စိုက်ပျိုးရေးဦးစီးဌာနမှ မုံရွာမြို့နယ်အတွင်း နှမ်းစိုက်ဧကများ နှမ်းသီးနှံအထွက်နှုန်း နည်းပါးသည့်အတွက် နှမ်းသီးနှံများ သတ်မှတ်လျာထားသည့် အထွက်နှုန်းများရရှိစေရန် နှမ်းစိုက်တောင်သူများနှင့် တွေ့ဆုံပြီး နှမ်းစိုက်တောင်သူများ နှမ်းသီးနှံစိုက်ပျိုးရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများ၊ နည်းပညာလိုအပ်ချက်များ၊ အရင်းအနှီးလိုအပ်ချက်များ၊ သွင်းအားစု၊ မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေ၊ မြေပြုရန်လိုအပ်မှု အခြေအနေများနှင့် ပိုးမွှားအန္တရာယ်နှိမ်နင်းနိုင်ရန် ကာကွယ်ဆေးများစသည့် လိုအပ်ချက်များ ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။


ယင်းသို့ဆောင်ရွက်လျက်ရှိရာ မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏အနီးကပ်ကြီးကြပ်မှုဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကို ဆည်ရေကန်ရေတို့ဖြင့် စိုက်ပျိုးဧက ၄၈၀ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားခဲ့ပြီး ဖေဖော်ဝါရီ ဒုတိယပတ်မှစတင်၍ စိုက်ပျိုးလျက်ရှိသည်။


ယင်းသို့သတ်မှတ်လျာထားပြီး စိုက်ပျိုးခဲ့ရာ မုံရွာမြို့နယ်တွင် ဆည်ရေကန်ရေများအပြင် စက်‌ရေတွင်းများတွင် နွေနှမ်းစိုက်ဧက ယနေ့အချိန်အထိ ၄၂၁ ဧက စိုက်ပျိုးနိုင်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ရေး အလေးထား ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)