ပေါင်မြို့နယ်၌တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး





ပေါင်၊ မေ ၂၃

မွန်ပြည်နယ်၊‌ပေါင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၅ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ‌ကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်‌ချေးပေးခဲ့ရာ တောင်သူများ အေးချမ်းစွာ ‌လာရောက်ထုတ်ယူလျက်ရှိကြသည်။

ချေးငွေထုတ်ပေးရာတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ခံ မန်နေဂျာ ဒေါ်ယုယုခိုင် က ယခုနှစ် မိုးစပါးချေးငွေ ထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ ချေးငွေများပြန်လည် ပေးသွင်းရမည့်ကာလနှင့် အပြေအ‌ကျေ ပြန်လည်ပေးဆပ်ကြရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ပေါင်မြို့နယ်အတွင်း ယခင်နှစ်များက မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို အစောဆုံး အ‌ကြေပြန်လည် ပေးဆပ်ခဲ့သည့် သဲဖြူကုန်းကျေးရွာ၊နတ်‌မှော်ကျေးရွာ၊ဆင်ရွာကျေးရွာမှ တောင်သူ (၁၀၇ ) ဦးတို့၏ စိုက်ဧက (၈၁၅) ဧကအတွက် တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲနှုန်းဖြင့် ချေးငွေကျပ် (၁၂၂.၅၀ )သိန်း ကို မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးခဲ့သည်။

ပေါင်မြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်များက ချေးငွေများ အပြေအကျေပြန်လည်ဆပ်ပြီးသည့် ကျေးရွာအုပ်စုပေါင်း ၄၇ အုပ်စုမှ တောင်သူ (၇၁၉၁ ) ဦးတို့၏ မိုးစပါးစိုက်ဧကပေါင်း (၆၀၀၀၀) အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်း သိန်းကိုးသောင်း ခန့်အား မေလ ( ၂၃ ) ရက်နေ့မှ စတင်ကာ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားရန် လျာထား‌ကြောင်း ပေါင်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)