နေပြည်တော်၊ မေ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လျှပ်စစ်စွမ်းအင်ဆိုင်ရာ တင်ပြချက်များနှင့် ပတ်သက်၍ ဖြည့်စွက်ပြောကြားရာတွင် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရမှုမရှိပါက မဂ္ဂါဝပ် ၆ဝဝဝ ရရှိမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ ပေါင်းစပ်လိုက်မည်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန် သည့်အနေအထားသို့ပင် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားရာတွင် လျှပ်စစ်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံ တွင်လိုအပ်ချက်ပြည့်မီမှုမရှိသေးကြောင်း၊ လျှပ်စစ်စွမ်းအင် မရှိပါက ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ထိုက်သင့်သလောက်ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေးအတွက် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများကို ယခင်ကာလများ ကတည်းကပင် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း အဆိုပါ ရှိရင်းစွဲလျှပ်စစ် ဓာတ်အားပေးစီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မှု မရှိခဲ့ခြင်းကြောင့် လျှပ်စစ်ဓာတ်အား ဖူလုံမှုမရှိခြင်းဖြစ်ကြောင်း၊ ထင်ရှားသည့်ဥပမာတစ်ခုကို ပြမည်ဆိုပါက မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရမှုမရှိပါက မဂ္ဂါဝပ် ၆ဝဝဝ ရရှိမည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ ပေါင်းစပ်လိုက်မည်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန် သည့်အနေအထားသို့ပင် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ကို ထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ ပြည်ဖြိုးမြဲစွမ်းအင်တွင် ရေအား၊ လေအားနှင့် နေအား ဟူ၍ ရှိကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများကို မိမိတို့နိုင်ငံအတွင်း စီးဆင်းနေသည့် မြစ်ချောင်းများ ပေါ်၌ ဆောင်ရွက်၍ရနိုင်သည်ဖြစ်သော်လည်း အချို့သောနေရာများ၌ လုံခြုံရေးအခြေ အနေအရ စီမံကိန်းများ ရပ်တန့်ထားရခြင်းများနှင့် လုပ်ငန်းဆောင်ရွက်၍ မရနိုင်သည် များလည်းရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လုပ်ဆောင်၍ရနိုင် သည့်နေရာများကို ဖော်ထုတ်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ အနိမ့်တမံ Low-Head Dam များ ပြုလုပ်၍လည်း ရေအားလျှပ်စစ်ထုတ်ယူ၍ ရနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် နေသာသည့်နေ့ရက်များပြားသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်စွမ်းအင် ထုတ်ယူခြင်းကို ဆောင်ရွက်သင့်ကြောင်း၊ ဆိုလာ ထုတ်လုပ် ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပြီး ဆိုလာများသည် အနာဂတ်တွင် လိုအပ်ချက်ကြီးမားလာနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း Small Skill ဆိုလာစက်ရုံများကို ဆောင်ရွက်သင့်ကြောင်း၊ ပြည့်ဖြိုးမြဲ စွမ်းအင်နှင့်ပတ်သက် ၍ မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည်ဟူသည့် မူဝါဒကို ချမှတ်ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment