ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးသည် အဓိကကျခြင်းကြောင့် ရွေးကောက်ပွဲဆောင်ရွက်၍ ရနိုင်သည့်နေရာများအားလုံး၌ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်သွားရန် နစက ဒုဥက္ကဋ္ဌ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးသည် အဓိကကျခြင်းကြောင့် ရွေးကောက်ပွဲဆောင်ရွက်၍ ရနိုင်သည့်နေရာများအားလုံး၌ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်သွားရန် နစက ဒုဥက္ကဋ္ဌ ပြောကြား



နေပြည်တော်၊ မေ ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒု ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင် ရေးအတွက် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးသည် အဓိကကျခြင်းကြောင့် ရွေးကောက်ပွဲဆောင်ရွက်၍ ရနိုင်သည့်နေရာများအားလုံး၌ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်သွားရန် မှာကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က ဆွေးနွေးပြောကြားရာတွင် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတစ်ရပ် ကို ယခုနှစ်လကုန်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့်ပြည် နယ်ဝန်ကြီးချုပ်များအနေဖြင့် ရွေးကောက်ပွဲအောင်မြင် မှုရှိစေရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များကို ပြည့်စုံစွာဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင် ရေးအတွက် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးသည် အဓိကကျခြင်းကြောင့် ရွေးကောက်ပွဲဆောင်ရွက်၍ ရနိုင်သည့်နေရာများအားလုံး၌ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း။

ရွေးကောက်ပွဲကျင်းပပြီးစီးချိန်၌ အနိုင်ရရှိသည့် ပါတီအား အာဏာလွှဲပြောင်း ပေးအပ်ချိန်၌ စနစ်တကျဖြင့် လွှဲပြောင်းပေးအပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့အရေးကိုဆောင်ရွက်ခြင်းဖြစ်သဖြင့် မိမိတို့ အစိုးရအဖွဲ့တာဝန်ယူဆောင်ရွက်ချိန်မှစ၍ အာဏာရပါတီအားလွှဲပြောင်းချိန်အထိပြည်သူများအထင်အမြင်လွဲမှားမှုမရှိစေရေး မိမိတို့ကိုယ်တိုင်နှင့် မိမိတို့လက်အောက် ဝန်ထမ်းများအား စနစ်တကျဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း။

အကြောင်းအမျိုးမျိုးကြောင့် ခေတ္တနေရပ်စွန့်ခွာနေရသူများအနေဖြင့်လည်း တည်ငြိမ်အေးချမ်းသည့်အချိန်တွင် မိမိတို့နေရပ်သို့ ပြန်လည်နေထိုင်နိုင်ရေး တာဝန် ရှိသူများအနေဖြင့်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ အရှေ့ဘက်နယ်စပ်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့် တရားမဝင်လောင်းကစားမှုများ၊အွန်လိုင်းငွေကြေးလိမ်လည်မှုများ၊ တရားမဝင်လူကုန်ကူးမှုများနှင့် အကြမ်းဖက်မှုများကိုလည်း မိမိတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါတရားမဝင်လုပ်ငန်းများနှင့် အကြမ်းဖက်မှုများမှ ဖမ်းဆီးရမိသည့် အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံစုံမှ ဖမ်းဆီးရမိသူများကိုလည်း ပြန်လည်လွှဲပြောင်း ပေးလျက်ရှိကြောင်း၊ နယ်မြေဒေသအလိုက် အဆိုပါတရားမဝင်လုပ်ငန်းများ လုပ်ဆောင်မှုမရှိစေရေး သတင်းရရှိပါက အချိန်နှင့်တစ်ပြေးညီ အရေးယူဆောင်ရွက်သွား ရန်လိုကြောင်း အစည်းအဝေးတွင် မှာကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)