ထားဝယ်မြို့၌ရပ်ရွာအခြေပြု ခြင်းတောင်းယက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့၌ရပ်ရွာအခြေပြု ခြင်းတောင်းယက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 




ထားဝယ်   ၊    မေ   ၁၇


တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ကြီးမှူးဖွင့်လှစ်သည့် ရပ်ရွာအခြေပြု ခြင်းတောင်းယက်သင်တန်း ဆင်းပွဲအခမ်းအနားကိုယမန်နေ့မွန်းလွဲ ၃ နာရီ က ထားဝယ်မြို့၊ တိုင်ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။


အခမ်းအနားတွင်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှု ရေးရာဝန်ကြီး ဦးသက်နိုင်က  လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတစ်ခုဖြစ်သောရပ်ရွာ အခြေပြုခြင်း တောင်းယက်သင်တန်းကို ဒေသအတွင်းမှာရှိသည့် လူငယ်များကုန်ထုတ်လုပ်မှု အတတ်ပညာတစ်ခု တတ်မြောက်ပြီး ဆင့်ကဲပြန်လည်မျှဝေခြင်းဖြင့် လူငယ်များအကြားတွင် ကုန်ထုတ်လုပ်မှုအတတ်ပညာတစ်ခုပြန့်ပွားတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပေါ်ပေါက်လာစေရန်၊ ဒေသအတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် (MSME) အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ် ငန်းများ အောင်မြင်ဖြစ်ထွန်းလာစေရေး အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ပါကြောင်း၊ လူငယ်များဒေသန္တရဗဟုသုတရရှိရေး၊ အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ လူငယ်များအကြား ခေတ်မီနည်းပညာဖြင့် အတွေ့အကြုံ ဗဟုသုတတွေဖလှယ်နိုင်စေရေးအတွက် လူငယ်လေ့လာရေးခရီးစဉ်များကိုလည်း ဖန်တီးပေးရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီအနေဖြင့် ဆယ်ကျော်သက် လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓါတ်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ လူငယ်စကားဝိုင်းများကို တိုင်းဒေသကြီးအတွင်း၌ ကျင်းပပေးလျက်ရှိသလို လူငယ်များအလုပ် အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် နည်းပညာပေးသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းကဆင်းသွားပြီးပါက မိမိတတ်ကျွမ်းထားသည့် ပညာရပ်များ မမေ့လျော့သွားအောင် အမြဲလေ့ကျင့်နေကြရန် မိမိအနီးအနား ပတ်ဝန်းကျင်မှာရှိသော လူငယ်များတတ်ကျွမ်းနားလည်အောင် နည်းပညာမျှဝေသင်ကြားပေးသွားကြရန် လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက်တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီတွဲဘက်အတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်သင်ကြားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းသူ(၂၀)ဦးအား သင်တန်းဆင်း လက်မှတ်များပေးအပ်ကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက သင်တန်းသူများ ယက်လုပ်ထားသော ခြင်းတောင်းအား ကြည့်ရှုအားပေးပြီး သင်တန်းသူများအားရင်းရင်းနှီးနှီး နူတ်ဆက်ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)