ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ ဌာနေကိုယ်စားလှယ်အားလက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ ဌာနေကိုယ်စားလှယ်အားလက်ခံတွေ့ဆုံ


နေပြည်တော်၊ မေ ၁၇

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ဌာနေကိုယ်စားလှယ် မစ္စတာအားနော့ဒီဘေ့ခ်နှင့်အဖွဲ့အား ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးတွင် ICRC မှ ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာကိစ္စရပ်များနှင့် ပြန်လည်ထူထောင် ရေးကာလတွင် ရန်ကုန်မြို့အမျိုးသားပြန်လည် သန်စွမ်းရေးဆေးရုံနှင့် ICRC တို့အကြား ပူးပေါင်းဆောင်ရွက်မည့် ခြေတု၊ လက်တုထုတ်လုပ်တပ်ဆင် ရေးဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ICRC မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ယမန်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် မန္တလေးငလျင်ဘေးခံစားခဲ့ရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် အထွေထွေအသုံးပြုရန် ဦးကျော်ခင်နှင့် မိတ်ဆွေများက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် လှူဒါန်းသောငွေကျပ်သိန်း ကိုးရာကိုလည်းကောင်း၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက လှူဒါန်းသော ငွေကျပ်ခုနစ်ရာငါးဆယ့် ရှစ်သိန်း ရှစ်သောင်းသုံးထောင့် ငါးရာ့ ငါးဆယ် တန်ဖိုးရှိ ဆေးဝါးနှင့် ဆေးပစ္စည်းများကိုလည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)