ရွှေတောင်မြို့နယ်၌ အထွက်တိုး "အောင်နိုင်တိုး" မျိုးစပါးပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌ အထွက်တိုး "အောင်နိုင်တိုး" မျိုးစပါးပေးအပ်ပွဲကျင်းပ



ရွှေတောင်၊ မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၌ မြို့နယ်သမဝါယမဦးစီးဌာနတွင် သမဝါယမအသင်းစုက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၅-၂၀၂၆ မိုးစပါး စီမံကိန်း အတွက်မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်းသားတောင်သူများအား အထွက်တိုး "အောင်နိုင်တိုး" စပါးမျိုးများ ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

ထို့သို့ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးဌေးဝင်းမှ မျိုးစပါးပေးအပ်ရခြင်းနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် တောင်သူ အထွက်နှုန်းကောင်းတစ်ဧက တင်း( ၁၀၀) ကျော်ထွက်ရှိရေးကြိုးစားဆောင်ရွက်နိုင်ရေး၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်က စိုက်ပျိုးရေး စနစ်မှန်မှန်ရေး၊မျိုး၊မြေ၊ရေနည်းစနစ်မှမ်ကန်ရေးတို့ကိုရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်အတွင်းရှိ သမဝါယမအသင်းမှ၂၀၂၅-၂၀၂၆ မိုးစပါး စီမံကိန်း အတွက်မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်းသားတောင်သူ ( ၁၈) ဦးအားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးဌေးဝင်းတို့မှအထွက်တိုး အောင်နိုင်တိုးမျိုးစပါးမျိုးကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)