ပေါင်၊ မေ ၂ဝ
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လယ်ယာမြေအဆင့်မြှင်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပြီးစီး ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပေါင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ရင်းငြိမ်မြောက်ကျေးရွာ၊ ကွင်းအမှတ် (၇၄၄) ရှိ တောင်သူ ( ၁၁ ) ဦး၏လယ်မြေဧက (၁၀၀)၊ သဗြုချောင်ကျေးရွာ ကွင်းအမှတ် (၇၄၈)ရှိ တောင်သူ(၉)ဦး၏ လယ်မြေဧက (၁၀၀)၊ ရွာတန်းရှည်ကျေးရွာ၊ ကွင်းအမှတ် (၇၆၇/၇၆၈) ရှိ တောင်သူ ( ၁၀ ) ဦး၏ လယ်မြေဧက (၁၀၀) စုစုပေါင်း လယ်မြေဧက (၃၀၀)ကို စက်မှုလယ်ယာဦးစီးဌာနမှ မွန်ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးချိန် ရာသီအမီ အဆင့်မြင့်လယ်မြေ ဖော်ထုတ်ခြင်းနှင့် စိုက်သမန်းထွန်းယက်ခြင်းလုပ်ငန်းများကိုအသီးသီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment