တာမွေ၊ မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အသက်တစ်နှစ်မှ ငါးနှစ်အထိ ကလေး ငယ်များအား ကူးစက်ရောဂါများ ဖြစ်ပွားမှုမှ ကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် သတ်မှတ်ဆေးထိုးစုရပ်နေရာများအလိုက် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ် ဆေးများကို ကွင်းဆင်းထိုးနှံပေးခဲ့ကြသည်။
ထိုကဲ့သို့ ထိုးနှံပေးရာတွင် တာမွေမြို့နယ်အတွင်းရှိ အသက်တစ်နှစ်မှ ငါးနှစ်အထိ ကလေးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် လိုအပ်သောကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခြင်းဖြစ်ပြီး အဆိုပါ ဆေးထိုးစုရပ်သို့ လာရောက်ထိုးနှံကြသော ကလေး ငယ်များနှင့် မိဘအုပ်ထိန်းသူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်မိ ရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ မဖြစ်ပွားစေရန်အတွက် အမီလိုက်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း၏ နောက်ဆက်တွဲအဖြစ် မြို့နယ်အတွင်းရှိ အသက်တစ်နှစ်မှ ငါးနှစ်အထိ ကလေးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သတ် မှတ်ဆေးထိုးစုရပ်နေရာများ၌ ၂၀၂၅-ခုနှစ် မေလ(၁၉)ရက်နေ့မှ မေလ(၂၆)ရက်နေ့အထိ အဆိုပါဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment