ထိုင်းမှာ ဆိုလာဈေးတွေကျလာလို့ အလုအယက်တပ်ဆင်နေကြ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်းမှာ ဆိုလာဈေးတွေကျလာလို့ အလုအယက်တပ်ဆင်နေကြ




မေ - ၁၂ ( တနင်္လာနေ့ ) 

ဆိုလာပြား ကုန်ကျစရိတ်များ ကျဆင်းလာခြင်း၊ စည်းမျဉ်းများ ဖြေလျှော့ခြင်းနှင့် အမေရိကန် အခွန်ကောက်ခံမှု များကြောင့် ကုန်သွယ်မှု အပြောင်းအလဲများဖြစ်လာခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၏ အိမ်ခေါင်မိုးများပေါ်တွင် ဆိုလာပြားများ အများအပြား တပ်ဆင်လာကြပါတယ်။ ဂျာမနီ၊ တရုတ်နှင့် နိုင်ငံစုံကုမ္ပဏီများမှ လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် ပြည်တွင်းပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာတာကြောင့် စက်မှုလုပ်ငန်းရှင်များ အနေဖြင့် ၀ယ်လိုအား မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

ယခုနှစ်တွင် ထိုင်းအစိုးရသည် ခေါင်မိုးပေါ်ရှိ ဆိုလာအသုံးပြုခြင်းအတွက် 1MW ထက်ကျော်လွန်သည့် စနစ်များ တပ်ဆင်သည့်လုပ်ငန်းများသည် စက်ရုံလိုင်စင်ရယူရန်မလိုအပ်တော့ဘူးလို့ ဥပဒေ ပြင်ဆင် လိုက်ပါတယ်။ ဤမူဝါဒပြောင်းလဲမှုသည် စျေးကွက်ချဲ့ထွင်ရန်အတွက် ခိုင်မာသောအခြေခံအုတ်မြစ်ချပေးသည့် စီးပွားဖြစ်အိမ်ခြံမြေလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများကြားတွင် လက်ခံကျင့်သုံးရန် တွန်းအားပေးဖွယ်ရှိနေပါတယ်။ 

တရုတ်ဆိုလာပစ္စည်းထုတ်လုပ်သူ Deye ၏ ထိုင်းစျေးကွက်အကြံပေး ပရာပန် ဟန်ချိုင်း က ဆိုလာပြားများ၏ ကုန်ကျစရိတ်သည် ၂၀၁၀ ခုနှစ်တွင် တစ်မဂ္ဂါဝပ်လျှင် ဘတ်သန်း ၁၅၀ (ဒေါ်လာ ၄.၅ သန်း) မှ ယနေ့ချိန်မှာတော့ ဘတ် ၁၅ သန်း (ဒေါ်လာ ၄၅၀,၀၀၀ ခန့်) ကျဆင်းသွားကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ 

နေရောင်ခြည်စွမ်းအင်သုံး PV တပ်ဆင်မှုများကို ဖြည့်စွက်ပေးသည့် ဘက်ထရီ စွမ်းအင်သိုလှောင်မှုစနစ် (BESS)ကလည်း  တစ်နာရီ ဝပ် ၅၀၀၀ စနစ်တစ်ခု ရဲ့ စျေးနှုန်းက ထိုင်းဘတ် ၂သိန်းခွဲကနေ ၂သိန်းအထိ ကျဆင်းသွားပါတယ်။  နေရောင်ခြည်စွမ်းအင်သုံးစွဲမှုက ၂၀၂၂ ခုနှစ်က တစ်နိုင်ငံလုံး အတိုင်းအတာအရ ၁၈၀၀ မဂ္ဂဝပ်ပဲ ရှိနေရာက ယခုဆိုရင် မဂ္ဂဝပ် ၉၀၀၀ အထိ တက်လာပြီဖြစ်ပါတယ်။ 


REF: The Nation

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)