ရန်ကုန်၊ မေ ၁၂
မန္တလေးငလျင်ကြီး ဘေး ဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေး CST Myanmar ၏စီစဉ်မှုဖြင့် ကိုရီးယားအနုပညာရှင်များ ပါဝင်သည့် K-Pop အဖွဲ့က အလှူငွေပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ၂၈-၃-၂၀၂၅ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြသော ပြည်သူ များအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ကြသည်။
ထို့နောက် ကိုရီးယားနိုင်ငံ၊ CST (Myanmar) Co.,Ltd. ဒါရိုက်တာ Mr.Cho Sung Woo က မန္တလေးငလျင်ကြီး ဘေးဒဏ် သင့်ဒေသများ ပြန်လည်ထူ ထောင်ရေးအတွက် လှူဒါန်းရ ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် ၁၀-၅-၂၀၂၅ ရက်မှ ၁၁-၅-၂၀၂၅ ရက်အထိ နှစ်ရက်တာ ကျင်းပခဲ့သည့် ဈေးရောင်းပွဲတော် မှ ရောင်းချရငွေ စုစုပေါင်းကျပ် ၈,၅၃၇,၀၀၀ ကို CST (Myanmar) Co.,Ltd. CEO Ms.Kim Moon Hee & KK Media Co.,Ltd. Director Mr.Jung Woo Chul တို့က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းထံ ပေးအပ်လှူဒါန်းကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ကျေးဇူးတင်စကား ပြောကြားရာတွင် ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်ပမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို လမ်းဖွင့်ပေးထားရာ ပြည်ပနိုင်ငံများမှလည်း ကူညီကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိလာပြီး ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ ပေးပို့ဆောင် :ι ω : များထံမှ လက်ခံရရှိသော အလှူငွေများကို ငလျင်ဒဏ်သင့်ပြည်သူ များအတွက် အရေးပေါ်ပံ့ပိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် အသုံးပြုနိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ စနစ်တကျ လွှဲပြောင်းပေးပို့သွားမည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်သင့် ပြည်သူများကို လာရောက်လှူဒါန်း ပေးသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကိုယ်စား၊ ယခုဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ဘေးနှင့် ဆက်စပ်သည့် ငလျင်ဒဏ်သင့် ပြည်သူများ၏ကိုယ်စား ကျေးဇူးအထူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က အလှူရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး တက်ရောက် လာသူများအား နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို
https://t.me/MyanmarNationalPost


No comments:
Post a Comment