ကာတာတော်ဝင်မိသားစုက ဒေါ်နယ်ထရမ့်ကို ကန်ဒေါ်လာ သန်း ၄၀၀ တန် ဇိမ်ခံဂျက်လေယာဉ်တစ်စင်း လက်ဆောင်ပေး ဖို့ပြင်ဆင်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာတာတော်ဝင်မိသားစုက ဒေါ်နယ်ထရမ့်ကို ကန်ဒေါ်လာ သန်း ၄၀၀ တန် ဇိမ်ခံဂျက်လေယာဉ်တစ်စင်း လက်ဆောင်ပေး ဖို့ပြင်ဆင်နေ




မေ - ၁၂ ( တနင်္လာနေ့ ) 

လာမယ့်သီတင်းပတ်အတွင်းမှာ ကာတာနိုင်ငံမှာ ကျင်းပမယ့် အမေရိကန် - အရှေ့အလယ်ပိုင်း ထိပ်သီး အစည်းအဝေးပွဲကို လာရောက်ဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကာတာတော်ဝင် မိသားစုက ကန်ဒေါ်လာ သန်း ၄၀၀ ကျော်တန်ဖိုးရှိတဲ့ ဘိုးရင်း 747-8 အမျိုးအစားဇိမ်ခံ ဂျက်လေယာဉ်တစ်စင်းကို လက်ဆောင်ပေးမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 

ထရမ့်အစိုးရအဖွဲ့ကလည်း အဲ့ဒိ ပျံသန်းနေတဲ့နန်းတော် အမည်ရတဲ့ ဇိမ်ခံလေယာဉ်ကြီးကို လက်ခံဖို့အတွက် ပြင်ဆင်နေပါတယ်။ ကာတာကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လေယာဉ်ကို လွဲပြောင်းဖို့အတွက် စီစဉ်နေပါတယ်။ 

ထရမ့်က ၎င်း၏ လက်ကျန် သမ္မတသက်တမ်းမှာ Air Force One လေယာဉ်အသစ်ကို အသုံးပြုရန် ရည်ရွယ်ထားကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။ ၎င်းသည် ၂၀၂၉ ခုနှစ်တွင် သူ၏သက်တမ်းကုန်ဆုံးပြီးနောက် ထရမ့် သမ္မတစာကြည့်တိုက်ဖောင်ဒေးရှင်းသို့ လွှဲပြောင်းလိမ့်မည်လို့ မျှော်လင့်ရပါတယ်။ 

အစီရင်ခံစာအရ အဆိုပါလေယာဉ်တွင် Qatar Airways က ပြင်ဆင်ပေးထားတဲ့ သီးသန့်အိပ်ခန်းတွဲ၊ နားနေခန်း၊ အစည်းဝေးခန်း၊ စကျင်ကျောက်ဖြင့် ပြုလုပ်ထားသော ရေချိုးခန်းများနှင့် ခမ်းနားသော လှေကားထစ်များ ပါရှိပါတယ်။ ၎င်းကို အမေရိကန် ကာကွယ်ရေး ကန်ထရိုက်တာ L3Harris မှ သမ္မတ အတွက် အသုံးပြုရန် ပြန်လည်ပြင်ဆင်ထားပါတယ်။ 

ထရမ့်က ဆော်ဒီအာရေးဗီးယား၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ မေ ၁၃ ရက်မှ မေလ ၁၆ ရက်အထိ သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ပြီး ၎င်း၏ ဒုတိယသက်တမ်းအတွင်း အရှေ့အလယ်ပိုင်းသို့ ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ 

အမေရိက မှာကတော့ အတိုက်အခံ ဒီမိုကရက်တစ်အမတ်တွေက ကွန်ဂရက်ရဲ့ သဘောတူညီချက်မပါဘဲ အမေရိကန် အစိုးရ အဖွဲ့ဝင်တွေက တိုင်းတပါးမှ လက်ဆောင်ကို လက်မခံရဘူး ဆိုတဲ့ အခြေခံဉပဒေကို ကိုးကားပြီး ပြစ်တင်ပြောဆိုမှုတွေ ရှိနေပါတယ်။ 


REF: siasat daily

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)